1. Home
  2. Myanmar News

လမ်းဘေးဆိုင်များအပါဝင် စားသောက်ဆိုင်များလည်း လိုက်နာရမယ့် စည်းကမ်းချက်များထုတ်ပြန်

Myanmar News พ.ย. 17, 2559 view 1,732

လမ်းဘေးဆိုင်များအပါဝင် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် ညီညွှတ်စေရန် လိုက်နာရမည့် လမ်းညွှန်ချက်၊ စည်းကမ်းဥပဒေများထုတ်ပြန်မည်ဟု အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။လမ်းဘေးမှာရောင်းချတဲ့ ဈေးသည်များအနေနဲ့ သန့်ရှင်းမှု ရှိစေရန် လိုအပ်တဲ့ စည်းကမ်းချက်၊ ညွှန်းကြားချက်တွေကို တပြေးညီဖြစ်အောင်၊ ခေတ်နဲ့အညီအောင်၊ လိုအပ်ချက်နဲ့ပြည်စုံအောင် ရေးဆွဲကြမယ် ဘယ်လိုအချက်အလက်တွေ ထည့်သွင်း ပြောမလဲ ဆွေးနွေးကြမှာ ဖြစ်ပါတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကပြေပါတယ်။

“လမ်းဘေးဈေးသည်တွေမှာလည်း သူတို့အခက်အခဲနဲ့ သူတို့ကြပါတယ်။ကျွန်တော်တို့လည်း အခက်အခဲတွေကို နားလည်းပါတယ်။နားလည်ပေမယ့် အတိုင်းအတာတစ်ခုအထိတော့ လိုက်နာရမယ်၊ သူ့အဆင့်နဲ့သူလိုက်နာရမယ်။လိုက်နာဖို့အတွက် အချိန်တစ်ခု ကျွန်တော်တို့ပေးရမယ်” ဟု ၄င်းကပြောပါတယ်။ထုတ်ပြန်သည့် စည်းကမ်းချက်များ ညွှန်ကြားချက်များကို လိုက်နာဆောက်ရွက်နိုင်ရန် အချိန်ကာလတစ်ခုပေးပြီးပါက လိုက်နာခြင်းရှိ၊ မရှိစစ်ဆေးအရေယူမှုများပြုလုပ်သွားမယ်ဟုသိရပါတယ်။

Soure : 7day daily



Follow us on