1. Home
  2. Myanmar News

အလှကုန်ပစ္စည်းအတုရောင်းသည်ဟု သံသယရှိပါက FDA သို့တိုင်ကြားနိုင်

Myanmar News พ.ย. 17, 2559 view 1,549

အတုအပအန္တရာယ်ရှိသော အလှကုန်ပစ္စည်းရောင်းချနေသည်ဟု ယူဆပါက ပြည်သူများ အသိပေး တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန(FDA) ဒုတိယညွှန်းကြားရေးမှူးချုပ် ဒေါက်တာသဇင်ရီလှိုင်ကပြောပါတယ်။ “အွန်လိုင်းမှာ ရောင်းချနေတဲ့ ပစ္စည်းပဲဖြစ်ဖြစ်၊ တခြားဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ပစ္စည်းပဲဖြစ်ဖြစ် စားသုံးသူဘက်က အတုအပလို့ထင်ရင် သတင်းပေးတိုင်ကြားနိုင်ပါတယ်။အဲဒီပစ္စည်းကို နမူနာယူပြီး စစ်ကြည့်မယ်။ကုန်ပစ္စည်းက အန္တရာယ်ရှိတယ်ဆိုရင် သုံးစွဲရန် မသင့်ဆိုပြီး ကြေညာမယ်၊ ရောင်းချခြင်းမပြုဖို့တားမြစ်မယ်” သိရပါတယ်။

ယခုလပိုင်းအတွင်း တရုတ်ဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းခုနှစ်မျိုးတွင် အန္တရာယ်ဖြစ်စေသော အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ(ပြဒါး)ပါ စစ်ဆေးတွေ့ရှိရသဖြင့် သုံစွဲရန်မသင့်ကြောင်းနှင့် တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းမပြုရန် FDA က တာမြစ်ထားပါတယ်။အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) သို့ မှတ်တမ်းမတင်ဘဲ အလှကုန် ပစ္စည်းများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ပြည်သူ့ကျန်းမာရေး ဥပဒေအရ ထောင်ဒဏ်တစ်နှစ်မှ ၁၃ နှစ်အထိ ချမှတ်အရေးယူဆောင်ရွက်နိုင်ကြောင်း သိရှိရပါတယ်။

Soure : 7day daily



Follow us on