မောင်တောခရိုင်အတွင်း တာဝန်ကျနေသော ဌာနဆိုင်ရာဝန်ထမ်းများအား ဒေသတွင်း လတ်တလောဖြစ်ပေါ်နေသောအ ခြေအနေအရ လစာနှစ်ဆခံစား ခွင့်ပေးမည်ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အောက်တိုဘာ၊ နိုဝင်ဘာ နှင့်ဒီဇင်ဘာအတွက် သုံးလစာကို ရာထူးအဆင့်အလိုက် မူလလစာ ၏နှစ်ဆကို အထူးကိစ္စတစ်ရပ် အနေဖြင့် ခံစားခွင့်ပြုခြင်း ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန က အမြဲတမ်းအတွင်းဝန် ဦးမောင် မောင်ဝင်းက ပြောသည်။
‘‘လက်ရှိ အခြေအနေအရ လစာခံစားခွင့်ပေးတာပါ။ ရဲတပ် ဖွဲ့အပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေ ခံစားခွင့်ရရှိမှာဖြစ် ပါတယ်’’ဟု ဦးမောင်မောင်ဝင်း က ပြောကြားသည်။
မောင်တောခရိုင်သည် မူလ ကပင် ဝေးလံခေါင်ဖျားဒေသတွင် ပါဝင်ပြီး နိုင်ငံ့ဝန်ထမ်းများအား လစာနှစ်ဆ ခံစားခွင့် ပေးခဲ့ဖူး သည်။ သို့သော် နောက်ပိုင်းကာ လများတွင် ဒေသအလိုက် လစာ ခံစားခွင့်ပြန်လည်ပြင်ဆင်ပြီး လစာတစ်ဆခွဲပေးသည့် ဒေသများ နှင့် နှစ်ဆပေးသည့်ဒေသများအ ဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ယခုအခါတွင် မောင်တောဒေသ၌ အကြမ်းဖက်တိုက်ခိုက်ခံရသည့် အခြေအနေများကြောင့် အောက် တိုဘာအတွင်း ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် လစာနှစ်ဆ တစ်ပြေးညီ ခံစားခွင့်ပေးရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
မောင်တောဒေသကို ဘင်္ဂါ လီအကြမ်းဖက်အဖွဲ့က ပြီးခဲ့သည့်အောက်တိုဘာ ၉ ရက်က စတင် ကာ အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့အထိ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သကဲ့သို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့ကလည်း နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေရဆဲဖြစ်သည်။
Credit:7DayDaily
Photo:သရုပ်ဖော်မျှသာ