1. Home
  2. Myanmar News

ဒေါ်လာဈေး ၁,၃၀၀ကျပ် ကျော်သော်လည်း ဆေးဝါးပစ္စည်းဈေးနှုန်းများ ဈေးတက်ရန် စောင့်ကြည့်ဦးမည်ဟုဆို

Myanmar News พ.ย. 18, 2559 view 1,522

အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၁၅ ကျပ်သို့မြင့်တက်လာသော်လည်း ဆေးဝါးပစ္စည်း ဈေးနှုန်းများ ဈေးတက်ရန် သင့်၊မသင့်ကို နိုဝင်ဘာလကုန်အထိ စောင့်ကြည့်မည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။လွန်ခဲ့သည့် နှစ်လခန့်(စက်တင်ဘာ)က တစ်ဒေါ်လာလျှင် ၁,၂၈၀ ကျပ်ကျော်လာပြီးနောက်ဆေးဝါးဈေးကွက်အတွင်း ဆေးပစ္စည်းဈေးနှုန်းများ ၅ ရာခိုင်နှုန်း အထိမြင့်တက်သောကြောင့် ယခုအချိန်အတွင် ဒေါ်လာဈေး ၁,၃၃၀ မှ ၁,၃၅၀ ကျပ်ခန့်အထိရောက်မှသာ ဆေးဝါးပစ္စည်းဈေးတက်ရန် ပြင်ဆင်မည်ဟု ပြည်ပမှ ဆေးဝါးတင်သွင်းရောင်းချသည့် ကုမ္ပဏီ အချို့ကပြောပါတယ်။

“ဒေါ်လာဈေး ၁,၂၈၀ ကျပ်နဲ့ ဆေးတစ်ခေါက်သွင်းလိုက်တယ်။နောက်တစ်ခေါက် Order ထပ်တင်တော့ ဒေါ်လာဈေးက တက်နေပြီ၊ တအားမဟရင်တော့ မဖြစ်မနေ တက်ရတာပေါ့။ဆေးကလည်း ခြောက်လ၊ တစ်နှစ်တည်း လှောင်ထားလို့မရဘူး၊ ဒီလိုပဲ ဈေးကွက်မှာလည်း ချိန်ညှိပြီး လုပ်ကိုင်ရတယ်” လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ဆေးဝါးဈေးနှုန်းတွေက လောလောဆယ် အလှုပ်မရှိသေးဘူး၊ နှစ်ကုန်ခါနီးလည်းဖြစ်နေတော့ ဒီလိုအချိန်တွေဆိုရင် အရောင်းလည်းပါးတယ်။ကုမ္ပဏီတွေက ဈေးထပ်တက်ဖို့လုပ်တာ မရှိသေးဘူးဟု အောင်တံခွန် ဆေးဆိုင်မှ ဒေါက်တာကျော်ဇင်လင်း ဟုဆိုပါတယ်။

Soure : 7day daily



Follow us on