1. Home
  2. Movie Stars - Celebrity

Johnny Depp ချီးမွန်းလိုက်တဲ့ J.K. Rowling

Movie Stars - Celebrity พ.ย. 18, 2559 view 1,543

Harry Potter ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးရှင် စာရေးဆရာမ JK Rowling ဟာသူမရဲ့ ၀တ္ထု ကိုအသက်သွင်းထားတဲ့ Fantastic Beasts နောက်ဆက်တွဲ ကားတွေမှာ ဟောလိဝုဒ် မင်းသား Johnny Depp ပါဝင်လာခြင်းအတွက် အလွန်ဝမ်းမြောက်ကြောင်းဖွင့်ပြောလိုက်ပါတယ်။

Beasts ဇာတ်ကားထဲက မကောင်းတဲ့ မှောင်ဆရာ Grindelwald အဖြစ် Johnny Depp ရဲ့ သရုပ်ဆောင်ချက်တွေဟာ ပီပြင်လွန်းတယ်လို့ သူမ က ပြောထားပါတယ်။ ဇာတ်ကား ဒါရိုက်တာ David Yates က လည်း Deep မှာ ထူးကဲတဲ့ ပင်ကိုစွမ်းရည် ရှိသလို Harry Potter ရဲ့ အမာခံ ပရိတ်သတ်တစ်ဦးလည်း ဖြစ်ကြောင်း နယူယောက် Beasts ရုံတင်ပွဲမှာ ပြောသွားခဲ့ပါတယ်။

Eddie Redmayne ခေါင်းဆောင် ပါဝင်ထားတဲ့ Beasts ဇာတ်ကားဟာ ပထမဆုံး Harry potter ၀တ္ထုဇာတ်လမ်းမစတင်ခင် နှစ်ပေါင်း ၇၀ မှာ ဇာတ်အိမ် တည်ထားပြီး နောင်အခါ Hogwarts မှောင်ကျောင်းတော်ကြီးရဲ့ ကျောင်းအုပ်ကြီးဖြစ်လာမယ့် ပါမောက္ခ Dumbledore နဲ့ Grindelwald တို့ဟာ မိတ်ဆွေကောင်းတွေ ဖြစ်ကြောင်းရိုက်ကူးထားပါတယ်။ Fantastic Beasts ဇာတ်ကားကို ကမ္ဘာ တစ်ဝန်းမှာ 2016 နိုဝင်ဘာ 18 ရက်နေ့ က စပြီး ပြသသွားမှာ ဖြစ်ပါတယ်။

Credit:modern journal 



Follow us on