1. Home
  2. Myanmar News

နေပြည်တော်တွင် မျက်နှာဖုံးစွပ်နှင့် ဓားထောက် အနုကြမ်းစီးမှုဖြစ်ပွား

Myanmar News พ.ย. 18, 2559 view 1,466
နေပြည်တော်ရှိ နေအိမ်တစ်အိမ်ကို မျက်နှာဖုံးစွပ် လူသုံးဦးက အိမ်အတွင်း အထိဝင်ရောက်ပြီး ရွှေထည်ပစ္စည်း တန်ဖိုး ၁ဝ သိန်းခန့်ကို လက်နက်နဲ့ ခြိမ်းခြောက် လုယူသွားတဲ့အမှုတစ်ခု နိုဝင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် နေပြည်တော်တွင် လုံခြုံရေးများ တိုးမြှင့်ချထားကာ ပူးပေါင်း စုံးစမ်းလျှက်ရှိကြောင်း ပုဗ္ဗသီရိမြို့နယ်စခန်းမှ ဒုရဲမှူးဇော်မိုးထံမှ သိရှိရသည်။
 
ဖြစ်စဉ်မှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပရပ်ကွက်နေ သူ ဒေါ်မွန်မွန်ဇော်မှာ နိုဝင်ဘာ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်က တစ်ဦးတည်း အိမ်နောက်ဖေး မီးဖိုထဲတွင် ဟင်းချက်နေစဉ် မျက်နှာ ဖုံးစွပ်လူနှစ်ဦးက နောက်ဖေးတံခါးမှ ဝင်လာကာ နောက်ကျောကို  ဓားဖြင့် ထောက်ပြီး နောက်ဖေးမီးကို ပိတ် ခိုင်းခဲ့ပါတယ်။
ထို့နောက် အိမ်ရှေ့တံခါးမှ လူတစ်ယောက်ကလည်း ရှေ့မီးကို ပိတ်ပြီးဝင်လာရာ ဓားထောက်ထားတဲ့သူက ခြိမ်းခြောက်ပြီး သူမ ဝတ်ဆင်ထာသော ရွှေထည်ပစ္စည်များကို လုယူသွားတယ်ဟု မှုခင်း မှတ်တမ်းများအရ သိရှိခဲ့ရသည်။
 
ဒေါ်မွန်မွန်ဇော် ဝတ်ဆင်ထားသော ရွှေဆွဲကြိုး ၊ ရွှေလက်ကောက် ၊ ရွှေနားတောင်းနဲ့ ရွှေလက်စွပ် အားလုံးပေါင်း တန်ဖိုး ၁ဝ သိန်းခန့် ပါသွားခဲ့တဲ့အတွက် တရားလိုပြုကာ နေပြည်တော် မှုခင်းဌါနသို့ တိုင်းကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မျိုးသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ခဲ့ခြင်းဖြစ်ပြီး လှည့်ကင်းများ၊ ရပ်ကင်းများနှင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်
 
 
Credit:မော်ဒန်
Photo:သရုပ်ဖော်မျှသာ


Follow us on