1. Home
  2. Myanmar News

သမီးပျိုလေးအား ခြိမ်းခြောက် သားမယားပြုကျင့်သည့် ဖခင်အား ပရဟိတလူငယ်အဖွဲ့က ဖမ်းဆီး

Myanmar News พ.ย. 18, 2559 view 1,832
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် နေထိုင်သော ဦးပွင်းဦးသည် သူ၏ သမီးအရင်းဖြစ်သူ မ-------၊ အဌမတန်းကျောင်းသူအား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ မိခင်ဖြစ်သူမှ ဒုလ္လာဘဝတ် ကိုရင်များနှင့် ဘုန်းကြီးကျောင်းတွင် သွားရောက်အိပ်ပေးနေစဉ် ညအချိန်၌ နေအိမ်တွင် အဖေနှင့် သမီး နှစ်ယောက်ထဲရှိနေချိန်တွင် ဖခင်ဖြစ်သူက အရက်သောက်ထားပြီးနောက်၊ ငှက်ဖျားတက်သည်ဟု ဆိုကာ သမီးဖြစ်သူကို တက်ဖိခိုင်းရာမှ သာမယားအဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မိခင်ဖြစ်သူအား ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
နောက်တစ်နေ့တွင် မိခင်ဖြစ်သူအား တိုင်းကြားရာ ဦးပွင့်ဦး သိသွားခဲ့ပြီးနောက် အခြားသူများကို ပြောပါက သတ်ပစ်မည်ဟု ကြိမ်းမောင်းနေသဖြင့် ကြောက်လန့်လာပြီးနောက် ကျိုက်မရော လူငယ်ပရဟိတအဖွဲ့ထံသို့ ဆက်သွယ်ခဲ့ကြသည်။ 
 
အဖွဲ့မှတစ်ဆင့် ကျိုက်မရော မြို့မရဲစခန်းမှ နယ်ထိန်း အင်ချပ် ဒုရဲအုပ်ကျော်မင်းသူနှင့် ဆက်သွယ်ပြီး နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကျိုက်မရောလူငယ်ပရဟိတအဖွဲ့ ကျိုက်မရောမူးယစ်ဆန့်ကျင်းရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး တရားခံဖြစ်သူ ဦးပွင့်ဦး အလုပ်လုပ်နေသည့် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု၊ ကရင်တောကျေးရွာ မြို့ပေါက်ဝဘုန်းကြီးကျောင်းဝင်း ရာဘာခြံသို့ နိုဝင်ဘာလ ၁၇ ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
 
Credit:MBN


Follow us on