
၂၀၁၇ အတွက် မော်တော်ယာဉ်တင်သွင်းခွင့် ထုတ်လုပ်နှစ်(Model Year)သတ်မှတ်ချက်ကို ယခုလနောက်ဆုံးပတ်တွင် တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားပါတယ်။ပြင်ပတွင် သတင်များပေါ်နေသော ဖရီးပါမစ်ကားများ ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းရမည်ဆိုခြင်း၊ စလစ်ကပ်ကားများ ၂၀၁၁ မှ ၂၀၁၆ မော်ဒယ်အထိ တင်သွင်းရမည်ဆိုခြင်း စသည့်သတင်းများကို အတည်မပြုပေးနိုင်သေးကြောင်း ဦးခင်မောင်လွင်ကပြောကြားပါတယ်။
“ရန်ကုန်တိုင်းဒေသကြီးကတော့ လာမယ့် ဘတ်ဂျတ်နှစ်မှာ ကားပါကင်စနစ်အစားကား ဝယ်ယူတင်သွင်းခွင့်လက်မှတ် COE(Certificate of Entitlement)ကို ကျင့်သုံးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ရန်ကုန်ကားအစီးရေကတော့ အများကြီးမတက်လာနိုင်တော့တဲ့အခြေအနေပါ”
ဟု မော်တော်ယာဉ်တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။အဆိုပါစနစ်သည် သက်ဆိုင်ရာအစိုးရအဖွဲ့က ကားဝယ်ယူတင်းသွင်းခွင့်လက်မှတ်ကို လေလံပုံစံဖြင့် ခွင့်ပြုရောင်းချပေးမည့် စနစ်ဖြစ်ပါတယ်။
Soure : 7day daily
comment