1. Home
  2. Movie Stars - Celebrity

ဒေါ်အောင်ဆန်းဆုကြည် ပုံစံတူရုပ်တုကို လေလံတင်မယ့် Bella

Movie Stars - Celebrity พ.ย. 18, 2559 view 1,566

အမေရိကန် နိုင်ငံ ၀ါရှင်တန် ဒီစီမှာ ပြုလုပ်မယ့် Miss World 2016 ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်မယ့် Miss Myanmar World 2016 Bella ဟာ နိုင်ငံ အရပ်ရပ်က အမှတ်တရ ပစ္စည်း လေလံတင် မယ့် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တုကို ယူဆောင်သွားပြီး လေလံ တင်မယ်လို့ သိရပါတယ်။ 2014 မှာစတင် သွားရောက်ယှဉ်ပြိုင်နေကြတဲ့ Miss World ပွဲကြီးကို ယခု 2016 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တတိယ အကြိမ်မြောက် သွားယောက်ယှဉ်ပြိုင်ခြင်းလဲ ဖြစ်ပါတယ်။

‘‘လေလံဆွဲဖို့အတွက် သစ် သားနဲ့လုပ်ထားတဲ့ အမေစုရဲ့ ပုံတူပန်းပုရုပ်တုကို ယူသွားပါမယ်။ အဲဒီလေလံပွဲမှာက ကိုယ့်နိုင်ငံက အထင်ကရပစ္စည်း၊ ရှားပါးပစ္စည်း တွေ၊ တချို့တွေကျတော့ နိုဗယ် ဆုရှင်တွေရဲ့ လက်မှတ်တွေ ယူ လာကြတယ်။ အဲဒါကြောင့် ညီမ ကလည်း အမေစုက လူတွေအား လုံးရဲ့ လေးစားခြင်း၊ စိတ်ဝင်စား ခြင်းကို ခံရတာဆိုတော့ အမေစု ရဲ့ ရုပ်တုက ညီမတို့နိုင်ငံရဲ့ အဖိုး တန်တဲ့ရုပ်တုတစ်ခုလို့ ပြောလို့ရ တယ်။ အဲဒီအတွက် ယူဆောင် သွားဖြစ်မှာပါ’’လို့ ရုပ်ထု ယူဆောင်သွားမယ့် အစီစဉ်ကို ပြောပြသွားခဲ့ပါတယ် ။

Bella ဟာ Miss World ပွဲကြီးကို နိုဝင်ဘာ 25 ရက်မျာ မြန်မာနိုင်ငံ ကနေစတင်ထွက်ခွာမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ရဲ့ Title ဆုတခုဖြစ်တဲ့ Miss World Beauty With a Purpose ဆုအတွက်လည်း မြစ်ကြီးနားမြို့ အနီးရှိ စစ်ဘေးရှောင်ပြည်သူများ ထံ သွားရောက်၍ ပရဟိတလုပ်ခဲ့ သည့် ဗီဒီယိုဖိုင်ကို ပြသသွားမှာ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင် ရွေးချယ်ခံရပါက မယ်ကမ္ဘာပြိုင်ပွဲ အဖွဲ့အစည်းက အဆိုပါဒေသများတွင် ပရဟိတလုပ်ငန်းများ လုပ် ဆောင်ပေးမှာလဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ 18 ရက်နေ့တွင် အမေရိကန် နိုင်ငံ ၀ါရှင်တန် ဒီစီ မြို့မှာ Miss World ပွဲကြီးကို ပြုလုပ်မှာ ဖြစ်ပြီး အချိန်ကွာဟမှုကြောင့် တိုက်ရိုက်မထုတ်လွှင့်နိုင်ပဲ 19 ရက်နေ့ Channel 7 ရုပ်သံ လိုင်းတွင်ပြသမှာဖြစ်ပါတယ်။

Credit:7Day



Follow us on