1. Home
  2. Special or Others

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုနေစဉ် တောင်ကိုရီးယားနိုင်ငံတစ်ဝန်း တိတ်ဆိတ်ငြိမ်သက်နေ

Special or Others พ.ย. 18, 2559 view 1,551

နှစ်စဉ်ကျင်းပလျက်ရှိသော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား ၆၀၀,၀၀၀ ကျော် ဖြေဆိုနေကြခြင်းကြောင့် ယာဉ်ကြီးများ သွားလာမှုဖွင့်ခဲ့ကြရာ ကြာသပတေးနေ့တွင် တောင်ကိုရီးယားတစ်နိုင်ငံလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။ကျောင်းသား ၆၀၀,၀၀၀ ကျော်ကိုစာမေးပွဲခန်းသို့ အချိန်မီရောက်ရှိစေရန် လမ်းရှင်းစေရေး အစိုးရရုံးများ၊ အဓိကစီးပွားရေးလုပ်ငန်းများနှင့် ဆိုးလ်စတော့ဈေးကွက်များကိုပင် ပုံမှန်အချိန်ထက် တစ်နာရီနောက်ကျကာ နံနက် ၁၀ နာရီကျမှ ဖွင့်လှစ်ခဲ့ကြပါတယ်။

အဓိကဘာသာစကား အကြားစွမ်းရည် စစ်ဆေးမှုနှင့် တိုက်ဆိုင်နေသောကြောင့် ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အစည်းများကလည်း လေယာဉ်များဆိုက်ရောက်မှုနှင့် ထွက်ခွာမှုတို့ကို နေ့လယ်ခင်းအချိန်မတိုင်မီ မိနစ် ၃၀ ကြားရပ်ဆိုင်းထားခဲ့ကြပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင် အများစုလည်း ရပ်နားထားပါတယ်။ကားကြီးများ သွားလာမှုကိုလည်းစာမေးပွဲဖြေရမည့် ကျောင်းများအနီးရှိ လမ်းများတွင် တားမြစ်ထားပါတယ်။

အဆိုပါစာမေးပွဲသည် နိုင်ငံတစ်ဝန်း စာစစ်ဌာနပေါင်း ၁၁၈၃ ခုတွင် ဖြေဆိုနေကြပြီး စာမေးပွဲကို နံနက် ၉ နာရီခန့်တွင် စတင်ကာ ကြာသပတေး ညနေတွင် ပြီးဆုံးမည်ဖြစ်ပါတယ်။ယခုစာမေးပွဲတွင် အမှတ်ကောင်းရရှိရန် လိုအပ်သော ဖိအားသည် ဆယ်ကျော်သက် ကျောင်းသားများ၏ စိတ်ဓာတ်ကျဆင်းမှုနှင့် သေကြောင်းကြံစည်မှုဖြစ်ရပ်များအတွက် အပြစ်တင်ရာဖြစ်နေပြီး တောင်ကိုရီးယားသည် ကမ္ဘာတွင် ဆယ်ကျော်သက် သေကြောင်းကြံစည်မှုနှုန်း အမြင့်ဆုံးတွင်ပါဝင် ပါတယ်။

Soure : 7day daily



Follow us on