1. Home
  2. Myanmar News

သာကေတ Capital တွင် အသေးစားပေါက်ကွဲမှု လေးကြိမ်ဖြစ်ခဲ့

Myanmar News พ.ย. 21, 2559 view 1,525
ရန်ကုန်တိုင်း၊ သာကေတရှိ Capital Hyper Market  အတွင်း၌ နိုဝင်ဘာလ ၂၀ ရက်နေ ညနေ ၆ နာရီခန့်က ပေါက်ကွဲမှု အသေးစား နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါပေါက်ကွဲမှုမှာ M150 အချိုရည်ပုလင်းထဲတွင် ပေါက်ကွဲစေတတ်သော ဓါတုဓါတ်ငွေများ ထည့်၍ပေါက်ကွဲမှု ဖြစ်ပေါ်အောင် ဖန်တီးထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ Capital ၏ အပေါ်ထပ်တွင် ပထမအကြိမ် ပေါက်ကွဲခဲ့ပြီးနောက် အောက်ထပ်ရှိ KFC ကြက်ကြော်ဆိုင်အနီး အမှိုက်ပုံးအတွင်းရှိ M150 အချိုရည်ပုလင်းမှ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
 
ပေါက်ကွဲမှုဖြစ်စဉ်ကို တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့မှ မိုင်းရှင်းကရိယာများ၊ ခွေးများနှင့် ရှင်းလင်း စစ်ဆေးခဲ့သည်။ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းမရှိကြောင်း Capital မှ တာဝန်ခံ ကိုလွင်ဦးမှ ပြောကြားခဲ့ပြီး၊ ထိတ်လန့်မှုဖြစ်စေရန်သက်သက် ရည်ရွယ်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းမှ ပြောကြားခဲ့သည်။
 
မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးလာရောက်ခဲ့ပြီး ပေါက်ကွဲမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။ 
 
Ref:7Day,ကုမုန္ဒြာ
Photo,Video:ကုမုန်ဒွာ
 


Follow us on