
အနုပညာရှင် တိုင်းလိုလို စီးပွားရေးတွေ လုပ်လာကြတာနဲ့ အပြိုင် သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့် ကလဲ စီးပွားရေး တခုအနေနဲ့ ကလေးအသုံးအဆောင် ပစ္စည်းဆိုင်ဖွင့် ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒုတိယ ရင်သွေးလေးကို လွယ်ထားရတဲ့ သက်မွန် ဟာ ဇန်န၀ါရီ လ ပထမ အပတ်မှာ ၀ိတိုရိယ ဆေးရုံမှာ မွေးမယ်လို့ လဲ ပြောထားပါတယ်။
ဒုတိယ ရင်သွေးလေး ဟာ လဲ သမီးလေး ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ဝန် ရင့်လာတဲ့ အတွက်ကြောင့် ကျန်းမာရေးချူချာ ပေမယ့် အခုတော့ သက်သာ နေပြီလို့ သိရပါတယ်။ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ သက်မွန်ဟာ ဒုတိယ ရင်သွေးလေး ဟာ မိန်းကလေး ဖြစ်နေတဲ့ အတွက် ပြည့်စုံ သွားပြီလို့ လဲ ပြောထားပါတယ်။
အနုပညာရှင်တစ်ယောက်အနေနဲ့ အနုပညာ ကို ချစ်မြတ်နိုးတဲ့ အတွက် အတက်နိုင်ဆုံး အတတ်နိုင်ဆုံး ကြိုးစားသွားမှာ ပါလို့ ပြောထားပါတယ်။

Credit:Oasis
comment