1. Home
  2. Movie Stars - Celebrity

တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေတဲ့ နန်းမြတ်ဖြိုးသင်း

Movie Stars - Celebrity พ.ย. 21, 2559 view 1,575

 ဂီတဘက်မှာကော  သရုပ်ဆောင်ဘက်မှာပါ ပရိသတ် အခိုင်အမာ ရနေတဲ့ နန်းမြတ်ဖြိုးသင်း ဟာ ဇာတ်ကားတွေ ရိုက်ကူးနေရင်း သူမရဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တစ်ကိုယ်တော်အခွေအတွက် သီချင်း (၇)ပုဒ်လောက် စုထားပြီးသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ အခွေထဲမှာ ပါဝင်တဲ့ သီချင်းလေးတွေကတော့ အမြူးလေးတွေလည်း ပါဝင်သလို အလွမ်းသီချင်းလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဂီတအတွက် ပြင်ဆင်နေတဲ့ သူမက ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ ဒီလ မှာတော့ "ရပ်ကျော်ရွာကျော်" ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ လက်ခံထားသလိုပဲ နောက်လထဲမှာလည်း ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ လက်ခံထားတယ်လို့ြော့သွားခဲ့ပါတယ် ။ 

Credit:8Days 



Follow us on