
ဒီဇင်ဘာလအတွင်းမှာ Let's Go အဖွဲ့သားတွေကတော့ တရုတ်နိုင်ငံကို သွားတော့မယ်လို့ သိရပါတယ်။ ဒီဇင်ဘာ(၁၀)ရက်နေ့ကနေ (၃၁)ရက်နေ့အထိ ရိုက်ကူးမယ့် Letsl Go အစီအစဉ်အတွက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နဲ့ ရှန်ဟိုင်း အနီး ဝန်းကျင်ရှိ မြို့သုံးမြို့မှာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
နှစ်စဉ်ရိုက်ကူးလာတဲ့ Let's Go အစီအစဉ်ဟာ ယခုဆိုရင် (၈)ကြိမ်မြောက် ဖြစ်သွားပြီလို့လည်း သိရပါတယ်။ ယင်းအစီ အစဉ်အတွက် တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့များ၊ အစားအသောက်များ၊ ဝတ်စားဆင်ယင်မှုများ နဲ့ ယဉ်ကျေးမှု အနုပညာလက်ရာများကို ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။
Let's Go To China အစီအစဉ်တွင် လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer ၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာနဲ့ ဒါရိုက်တာ ဝင်းလွင်ထက်တို့ ပါဝင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Credit:Duwun
comment