1. Home
  2. Myanmar News

အငိုမရပ်လို့ ၂ နှစ်သားကလေးကို ခေါင်းဖြတ်ခဲ့သူ

Myanmar News พ.ย. 21, 2559 view 1,536
အသက် ၂ နှစ်သာရှိသေးသည့် ကလေးငယ်ကို အငိုမရပ်သဖြင့် ခေတ္တခဏထိန်းပေးနေသူဟု ယူဆရသည့် “ကမဲလ် ဟားရစ်” ဆိုသူက ကလေးငယ်၏ လည်ပင်းကို ချိုးသတ်ခဲ့မှုတစ်ခု ချီကာဂိုတွင် ဖြစ်ပွားခဲ့သည်။
 
ကလေးငယ်ကို နို့ဗူးတိုက်ရာတွင် နို့မှုန့်တွင်ပါဝင်သော သကြားဓါတ်တစ်မျိုးနှင့် မတည့်သည့်အတွက် ကလေးငယ်က အဆက်မပြတ်ငိုကြွေးခဲ့ခြင်းဖြစ်သည်။ ကလေးငယ်ကို သတ်ခဲ့ပြီးနောက် ခေါင်းဖြတ်ကာ “ဟားရစ်”က ချီကာဂိုတောင်ဘက်ရှိ ရေကန် မြစ်စပ်တစ်ခုတွင် ပစ်ထားခဲ့သည်။
 
 
ထို့နောက် ရဲဌါနကို ကလေးပျောက်ကြောင်း တိုင်ကြားခဲ့သည်။ နောက်တစ်နေ့တွင် ကလေးအလောင်းကို အဆိုပါ ကန်ထဲတွင် တွေ့ရှိသူများက ရဲကို အကြောင်းကြားခဲ့ကြသည်။ အဆိုပါအမှုကို စုံစမ်းစစ်ဆေးမှုကို ပြုလုပ်စဉ် ကလေးငယ်၏ အလောင်းတွင် တွေ့ရှိရသော DNA ကို စစ်ဆေးခဲ့ရာ “ဟားရစ်” ၏ DNA နှင့် ကိုက်ညီနေသည့်အတွက် ရဲကဖမ်းဆီးစစ်ဆေးခဲ့ရာမှ အမှုမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 
 
 
“ဟားရစ် သည် ကလေးငယ်ဖြစ်သူကို သတ်ခဲ့သည့်အမှုအတွက် တရားရင်ဆိုရမည်ဖြစ်သည်။ 
 


Follow us on