မူဆယ်(၁၀၅မိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ပိတ်မိနေသော ဒေသခံများကို သွားရောက်ကယ်ဆယ်ခဲ့သည့် လူမူကူညီရေးအဖွဲ့၏ ယာဉ်တစ်စီး အပစ်ခံရပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦး သေနတ်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မူဆယ်(၁၀၅)မိုင် ဉုန်သွယ်ရေးဇုန်အနီး ပိတ်မိနေသော ဒဏ်ရာရလူနာများအား လာရောက်ကယ်ဆယ်ခဲ့သည့် မေတ္တာမွန်လူမှုကူညီရေးအသင်းမှ ယာဉ်တစ်စီးအား တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့ (KIA, TNLA နှင့် MNDAA)တို့မှ ပစ်ခတ်ခဲ့သောကြောင့် ကယ်ဆယ်ရေးလုပ်သား ရွှေလီမြို့နေ ကြင်နာနွေးထွေးပရဟိတအသင်းမှ ကိုရဲမင်းအောင် (၃၂) နှစ်၏ ဝဲဘက်ရင်ဘတ်အနီးတွင် ဖောက်ထွင်း၍ ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာနေရာတွင် ကူညီကယ်ဆယ်ရေး လုပ်နေကြသော အခြားယာဉ်များလည်း ရှိနေခဲ့ပြီး ကယ်ဆယ်ရေးယာဉ်ကို ပစ်ခတ်ခဲ့မှုသည် ပထမဦးဆုံးဖြစ်ကာ အခြားသော ကယ်ဆယ်ရေးကားများ၏ လမ်းလုံခြုံရေးကို စိုးရိမ်လျှက်ရှိနေကြကြောင်း သိရှိရသည်။
Ref:7DayDaily