1. Home
  2. Myanmar News

ရခိုင်အရေးနှင့် ပက်သက်ပြီး မလေးရှားရှိမြန်မာများအား အုပ်စုဖွဲ့အနိုင်ကျင့်ခံရမှုများရှိနေသဖြင့် သံရုံးမှ သတိပေးထား

Myanmar News พ.ย. 22, 2559 view 1,501
ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပေါ်လျှက်ရှိသော အရေးကိစ္စများကြောင့် နိုဝင်ဘာလ ၁၈ ရက်နေ့က ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် မလေးရှားနိုင်ငံ၏ အဖွဲ့အစည်း နှစ်ခုမှ လူ (၅၀၀)ခန့် လာရောက် ဆန္ဒပြခဲ့မှု ဖြစ်ပွားခဲ့သောကြောင့် မြန်မာသံရုံးကို လုံခြုံရေးတို့မြှင့်ခဲ့ရပြီး နံနက်စောစောထဲက ဖွင့်လေ့ရှိသော သံရုံးဖွင့်လှစ်ချိန်ကိုလည်း နံနက် ၈ နာရီသို့ ပြောင်းလဲဖွင့်လှစ်ခဲ့ရသည်။
 
ထို့အပြင် အဝေးပြေးဘတ်စ်ကားဂိတ်များ၌ မြန်မာများအား အငှားယာဉ်မောင်းများက အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ဖြစ်ပေါ်နေသည့်အတွက် နယ်အဝေးမှလာရောက်သည့် မြန်မာများအား ညပိုင်းထွက်ခွာသည့်ယာဉ်များကို မစီးနင်းပဲ နံနက်စောစောပိုင်း ထွက်သည့် ယာဉ်များကိုသာ အသုံးပြုကြရန် မြန်မာသံရုံးမှ အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။ မလေးရှားရဲများအား အကြောင်းကြားသော်လည်း ခတ္တခဏသာ ငြိမ်သက်သွားပြီး မကြာမီပြန်လည် ဖြစ်လာသည့်အတွက် ယခုကဲ့သို့ သတိပေးရကြောင်း သိရှိရသည်။
 
မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသူများက တောင်းဆိုချက်များ ရေးသားထားသည့် စာများကို မြန်မာသံရုံးမှ လက်ခံရယူခြင်းမရှိခဲ့ကြောင်း သံရုံးဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။
 
Ref:7DayDaily
Photo:သရုပ်ဖော်မျှသာ


Follow us on