“ဆိုက္ကားသမားတစ်ယောက် မိသားစုစားဝတ်နေရေးကို မဖြေရှင်းနိုင်လို့ ပြီးခဲ့တဲ့ တစ်ပတ်က ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေသွားတယ်၊ ဘယ်လောက်ရှက်ဖို့ကောင်းလဲ။ ဒီစားဝတ်နေရေးအတွက်နဲ့ ဘဝတွေ၊ အသက်တွေပါပေးလိုက်ရတယ်။ ဒီနေ့ ဒီအချိန်မှာ ပြည်သူတွေ ကုန်ဈေးနှုန်းကြီးမှုကို ခံနေရတယ်။ လက်ရှိအစိုးရအနေနဲ့ ပြည်သူကို ဘယ်လိုပြန်ကည့်မလဲ သိချင်တယ်…”
MDCF အဖွဲ့မှ ကိုမှတ်ကြီးရဲ့ စကားသံများဖြစ်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် တရားဥပဒေစိုးမိုးရေးကို ဖြေရှင်းပေးရန် MDCF အဖွဲ့ဝင်များက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် တစ်နေ့ထဲမှာပင် လှိုင်သာယာမြို့နယ်ရှိ စက်ရုံများမှ အလုပ်သမား တစ်ထောင်ကျော်ကလည်း ကုန်ဈေးနှုန်းကျဆင်းရေး၊ အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
Ref:7DayDaily