1. Home
  2. Special or Others

သတို့သမီးအတိုင်း ဝတ်ဆင်ပွဲတက်လာတဲ့ သတို့သားရဲ့ အဆက်ဟောင်း မင်္ဂလာဆောင်မှာ ပွဲကြမ်း

Special or Others พ.ย. 22, 2559 view 1,547
တစ်သက်မှာတစ်ခါဆောင်ရတဲ့ လက်ထပ်မင်္ဂလာပွဲမှာ သတို့သမီးဝတ်စုံ ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ပြီး ကိုယ့်ရဲ့ ဘဝလက်တွဲဖော် သတို့သားနဲ့အတူ မင်္ဂလာပွဲဆင်နွှဲချင်ကြတာ အမျိုးသမီးအားလုံးနီးပါရဲ့ အိမ်မက်တွေထဲက တစ်ခုဖြစ်ပါတယ်။
 
အိမ်မက်ထဲကအတိုင်း မင်္ဂလာပွဲကို ဆင်နွဲနိုင်ခဲ့ပေမယ့် မင်္ဂလာပွဲမှာ ကိုယ်လိုပဲ သတို့သမီးဝတ်စုံကို ထပ်တူဝတ်ဆင်ကာ ပွဲတက်လာတဲ့ အမျိုးသမီးတစ်ယောက်ရှိနေမယ်ဆိုရင်တော့ ရုတ်တရက် အိမ်မက်ဆိုးကြီး မက်နေရသလို ခံစားကြရမယ် ထင်ပါတယ်။
 
ဂါနာနိုင်ငံက မင်္ဂလာပွဲတစ်ခုမှာ သတို့သမီးက ပျော်ရွှင်စွာဆင်နွှဲနေတုန်း သတို့သားရဲ့ အခြားချစ်သူတစ်ဦးက လာရောက်ပွဲကြမ်းသွားတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ်ရောက်လာခဲ့ပါတယ်။
ဗီဒီယိုမှာ အမျိုးသမီးတစ်ဦးက သတို့သမီးဝတ်စုံအတိုင်း ဝတ်ကာ ပွဲတက်လာခဲ့ပြီး မိုက်ကရိုဖုန်းကို ယူကာ သတိုးသားဖြစ်သူဟာ မိန်မပွေရှုပ်သူတစ်ဦးဖြစ်ကြောင်း ပြောဆိုကာ ဆဲဆိုပြီး ပွဲပျက်အောင် လုပ်ခဲ့ပါတယ်။ ခန်းမထဲက အရံသတို့သား၊ သတို့သမီးများက အမျိုးသမီးကို ခန်းမပြင်သို့ အတင်ဆွဲထုတ်နေချိန်မှာ မင်္ဂလာဆောင်မယ့် သတို့သားနဲ့ သတို့သမီးကတော့ မတ်တပ်ရပ်ကာ ငြိမ်ငြိမ်ပဲ ရပ်နေခဲ့ပါတယ်။
 
အဖြစ်အပျက်များရဲ့ အဆုံးမှာတော့ သတို့သားနဲ့ သတို့သမီးဟာ ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဖြစ်မလား၊ ဘာဖြစ်ကြလိမ့်မလဲ ဆိုတာကိုတော့ မသိနိုင်တော့ပါဘူး။
 


Follow us on