1. Home
  2. Movie Stars - Celebrity

ပြပွဲပြုလုပ်မယ့် မင်းသမီး Diana ၏ ဖက်ရှင်ဒီဇိုင်းများ

Movie Stars - Celebrity พ.ย. 22, 2559 view 1,643

Diana နှင့် သူ၏ဖက်ရှင် Diana: Her Fashion ဟု အမည် ပေးထားသော ပြပွဲကို ဒိုင်ယာနာ ၁၅ နှစ်ကြာနေထိုင်ခဲ့သော လန်ဒန်မြို့ Kensington နန်းတော်၌ ၂၀၁၇ ဖေဖော်ဝါရီ ၂၄ ရက်တွင်ဖွင့်လှစ်ပြသမှာ ဖြစ်ပါတယ် ။ ၁၉၉၇ ဩဂုတ်တွင် ပြင်သစ်နိုင်ငံပဲရစ်မြို့၌ ကားမတော်တဆမှု ကြောင့် ကွယ်လွန်ခဲ့တဲ့ Diana နှစ် (၂၀)ပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်၍ ဖွင့်လှစ်ခဲ့ခြင်းလဲ ဖြစ်ပါတယ်။

ပြပွဲမှာ ၁၉၈၅ က အိမ်ဖြူ တော်၌ ဒိုင်ယာနာဝတ်ဆင်ခဲ့သော Victor Edelstein ညနေခင်းပွဲ တက်ဝတ်စုံနှင့် ၁၉၈၀ များက ဗင်းနစ်၊ အီတလီနိုင်ငံတို့သို့ တရားဝင်သွားရောက်ခဲ့စဉ်က ဝတ်ဆင်ခဲ့ သော အပြာရောင်ဝတ်စုံတို့ကို လည်း ပြသမည်ဖြစ်သည်။

‘‘ဒီပြပွဲက တော်ဝင်မိသားစု ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သံ တမန်ကျကျ ဝတ်စားဆင်ယင်မှု ကို လျင်လျင်မြန်မြန် သင်ယူနိုင် ခဲ့ပြီး ငယ်ရွယ်တဲ့ အမျိုးသမီးတစ် ယောက်ဖြစ်တဲ့ ဝေလမင်းသမီး ဒိုင်ယာနာရဲ့ ဇာတ်လမ်းကို ဖော် ပြတာပါ။ သူက ဗြိတိန်ရဲ့ ဖက် ရှင်လောကနဲ့ ဒီဇိုင်နာတွေအပေါ် မှာ အာရုံစိုက်ခံရစေခဲ့တယ်’’ဟု ပွဲစီစဉ်သူ အယ်ရီလင်းက ထုတ် ပြန်ချက်တစ်ခုမှာြေ့ပာပြသွားခဲ့ပါတယ်။

အနား ယူရန် ဒိုင်ယာနာ အနှစ်သက်ဆုံး နေရာများအနက် တစ်ခုဖြစ်သော တော်ဝင်မိသားစုနေထိုင်ရာ မြေ အောက်ပန်းခြံတွင် သူကြိုက်နှစ် သက်သော ပန်းများကိုလည်း စိုက်ပျိုးပြသမည်ဖြစ်သည်။

Credit:7Day



Follow us on