1. Home
  2. Movie Stars - Celebrity

ရုပ်ရှင်ကားရိုက်ကူးမယ့် မိုးစက်ဝိုင်

Movie Stars - Celebrity พ.ย. 22, 2559 view 1,602

ဂျပန်နိုင်ငံရဲ့ ခရီးသွား ပရိုဂရမ်ရိုက်ကူးနေတဲ့ မိုးစက်ဝိုင်ကတော့ "ပတ်ပတ်စက်စက်ညှို့" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားမှာ မိုးစက်ဝိုင်က နေတိုး၊ ရွှေထူးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်ရမှာ လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး "သတ္တိရှိရင် လောင်းမလား" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖူးတဲ့ သူမက ယခုဇာတ်ကား ဟာ သူမအတွက် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

"ဒီဇာတ်ကားကို လက်ခံဖြစ်တာက ဇာတ်ညွှန်းလည်း ကောင်းသလို ကိုရွှေမန်းတို့ ၊ ကိုသားညီတို့ဆိုတာကလည်း ရင်းနှီးပြီးသား ဖြစ်လို့  ပါဝင်ဖြစ်သွားပြန်ရော။ ကိုနေတိုး၊ မောင်လေးရွှေထူးနဲ့ မိုးစက်တို့ဆိုတာက မောင်နှမတွေလို ရင်းနှီးပြီးသား ဖြစ်တဲ့အတွက် ရိုက်ဖြစ်တာပါ" လို့ သူမက ပြောပြပါတယ်။

kira kira Japan အစီအစဉ်အတွက် ရိုက်ကူးပေးဖြစ်နေတဲ့ သူမက အဲဒီအစီအစဉ် ရိုက်ကူးဖို့အတွက် ဒီဇင်ဘာလမှာ ဂျပန်ကို ထပ်သွားရဦးမယ်လို့ သိရပါတယ်။

Credit:Duwun



Follow us on