1. Home
  2. Special or Others

စပါးအုန်းမြွေကြီးနှစ်ကောင်းကို ရည်းစားရဲ့ အိပ်ယာထဲ လာထားသူ

Special or Others พ.ย. 22, 2559 view 2,163
YouTube ပေါ်ကို အပြောင်အပျက်ဗီဒီတွေ ဖန်တီးပြီးတင်ထားတဲ့ “Derek Deso” ဆိုတဲ့ လူတစ်ယောက်က စပါးအုန်းမြွေအကြီးစားကြီး နှစ်ကောင်ကို စက္ကူဗူးထဲထည့်ယူလားပြီး၊ သူ၏ ရည်းစားဖြစ်သူ နေအိမ်ထဲသို့ ညဖက်အိပ်နေချိန် တိတ်တိတ်လေး ဝင်ရောက်ကာ အိပ်ပျော်နေတဲ့ ရည်းစားပေါ်သို့ စပါးအုန်းမြွေကြီး နှစ်ကောင်ကို သွန်ချခဲ့ပါတယ်။
 
အမျိုးသမီးဖြစ်သူမှာ ကြောက်လွန်းလို့ ငယ်သံပါအောင် အော်ဟစ်ဆဲဆိုရင် ဖယ်ရှားခိုင်းနေပါတယ်။ ဒါပေမယ့် “Derek” နဲ့ သူငယ်ချင်းများက ဒီအဖြစ်အပျက်ကို ရယ်မောရင်း ကြည့်နေခဲ့ပါတယ်။ နောက်ဆုံးမှာ ဖယ်ရှားပေးခဲ့ပြီး အကြောက်လွန်နေတဲ့ ရည်းစားကို သွားချော့ခဲ့ပေမယ့် အနားကပ်မခံတော့ပဲ ဆဲလွှတ်ခံရပါတော့တယ်..။ 
 


Follow us on