1. Home
  2. Myanmar News

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင် လုံခြုံရေးတိုးမြှင့်

Myanmar News พ.ย. 22, 2559 view 1,626

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာအချို့တွင် ယခုလအတွင်း အသေးစားပေါက်ကွဲမှုအချို့ ဖြစ် ပွားခဲ့၍ ဈေးဝယ်စင်တာများ၌ လုံခြုံရေးကို ယခင်ကထက် ပိုမိုတိုးမြှင့်ထားကြောင်း သတင်းရရှိ သည်။ ‘‘ပိုပြီးတော့ ဒီလိုကာလကို ဂရုစိုက်ပြီး လုံခြုံရေးတွေ မြှင့်ထား ပါတယ်။ စီစီတီဗီတွေကအစ ပြန် ပြီး review လုပ်တာတွေလည်း လုပ်ပါတယ်၊ လုံခြုံရေးအင်အား ကိုလည်း အရင်ကထက် ပိုပြီး မြှင့်ထားပါတယ်’’ဟု Junction Square ဈေးဝယ်စင်တာမှ မန်နေ ဂျာ ကိုရဲနိုင်က 7Day Daily အား ပြောသည်။ အထူးသဖြင့် လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်နေစဉ် ကာလ အတွင်း ဈေးဝယ်သူများ အနှောင့် အယှက် မဖြစ်စေရန် အဓိက ဆောင်ရွက်နေသော်လည်း ဈေး ဝယ်သူများအနေဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ပေးစေလို ကြောင်း ကိုရဲနိုင်က အကြံပြု သည်။ ‘‘တချို့ ဈေးဝယ်သူတွေက လည်း စစ်တာဆေးတာကို မ ကြိုက်ကြဘူး။ ဒါပေမဲ့ လုံခြုံရေး အတွက် အရေးကြီးတော့ ပူးပေါင်းစေချင်ပါတယ်’’ဟု ၎င်းက ဆို သည်။

လက်ရှိတွင် လုံခြုံရေးအ တွက် ဂရုတစိုက်ဆောင်ရွက်နေ ပြီး လူဝင်လူထွက်ကို အဓိကထား စစ်ဆေးနေကြောင်း ဂမုန်းပွင့်ကုန် တိုက်မှ မန်နေဂျာ ဦးမြင့်ဟန်က ပြောသည်။ ‘‘မသင်္ကာစရာ လူတွေကို တော့ အဓိကထားပြီး စောင့်ကြည့် တာမျိုးတွေကို သေချာလုပ်နေ တာတွေ ရှိပါတယ်’’ဟု ၎င်းက ဆိုသည်။ နိုဝင်ဘာ ၁၇ ရက် ညက မရမ်းကုန်းမြို့နယ် အိုးရှင်းစင်တာ အနီးတွင် အသေးစားပေါက်ကွဲမှု နှစ်ကြိမ်နှင့် နိုဝင်ဘာ ၂၁ ရက် ည နေက ဒေါပုံမြို့နယ် Capital Hypermarket တွင်လည်း အ သေးစားပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဈေးဝယ်စင် တာအချို့၌ လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ‘‘ဈေးဝယ်သူတွေအတွက် စီစီတီဗီလည်း ထားပါတယ်။ လက်ရှိ ပိုပြီးတော့ လုံခြုံရေးကို တိုးမြှင့်တဲ့အနေနဲ့ ဝင်ပေါက်၊ ထွက် ပေါက်ကအစ လုံခြုံရေးကို ပိုတိုး မြှင့်ထားပါတယ်’’ဟု အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် Ca-pital Hypermarket တာဝန်ခံ ဒေါ်သွယ်သွယ်မိုးက ပြောကြား သည်။

Soure : 7daydaily

ဓာတ်ပုံ:သရုပ်ဖော်မျှသာ



Follow us on