1. Home
  2. Myanmar News

မီးရထားလမ်းပေါ်မှ လည်ပင်းလှီးခံထားရသော ၁၀ နှစ်အရွယ် မိန်းကလေးအလောင်း

Myanmar News พ.ย. 25, 2559 view 1,529
နိုဝင်ဘာလ ၂၄ ရက်နေ့ည ၈ နာရီဝန်းကျင်အချိန်တွင် ကမာရွတ်၊ လှည်းတန်း၊ နာနတ်တော ကုန်းကျော်တံတားအောက်ရှိ မီးရထားသံလမ်းပေါ်တွင် ဓါးဒဏ်ရာနှင့် လည်ပင်းပြတ်ရှသေဆုံးနေသော အသက် (၁၀)နှစ် ဝန်းကျင် မိန်းကလေးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည်။
 
အဆိုပါအလောင်းကို ဟံသာဝတီဘူတာမှ မောင်းနှင်လာသော မြို့ပတ်ရထားစက်ခေါင်းမောင်းနှင်သူက တွေ့ရှိခဲ့ပြီး အလောင်းနှင့် ငါးပေခန့်အကွာတွင် ရထားကို ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် သေဆုံးသူကလေးငယ် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးပဲ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
 
 
ကလေးအလောင်းကို စတင်တွေ့ရှိချိန်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းတွင်သာ အဝတ်ရှိပြီး အောက်ပိုင်းဗလာနှင့်ဖြစ်နေပြီး ရဲများရောက်ရှိလာပြီးမှ ဖုံအုပ်ပေးထားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။ အလောင်းမှာ ဓါးဒဏ်ရာတွေ့ရှိခဲ့ရပြီး အခြားအချက်အလက်များအတွက် ဆေးရုံသို့ပို့ကာ ဆေးစစ်ချက်ရယူရန် ဆောင်ရွက်လျှက်ရှိကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မြင့်သိန်းဦးက ပြောကြားခဲ့သည်။
 
Ref:7DayDaily


Follow us on