1. Home
  2. Myanmar News

ပထမတန်းကျောင်းသူအား အုပ်စုလိုက် အဓ္ဓမပြုကျင့်ပြီး ရက်စက်စွာသတ်ခဲ့သူများအား ဖမ်းဆီးရမိ

Myanmar News พ.ย. 25, 2559 view 1,566
အသက် ၉နှစ်အရွယ် ပထမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုပြီးနောက် ရက်စက်စွာ သတ်ဖြတ်မှု ကျူးလွန်သော တရားခံ(၄) ဦးအား နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကော့သောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
 
ဖြစ်စဉ်မှာ နိုဝင်ဘာလ (၁၇) ရက်နေ့က ကော့သောင်းမြို့၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု ၊ ချောင်းဖျားကြီးကျေးရွာမှ အသက် (၉)နှစ်အရွယ် ပထမတန်းကျောင်းသူ မမြတ်သူဝင်း၏ ဖခင်ဖြစ်သူ ဦးအောင်ထွန်း (ခ) နောင်ဘိတ်က ရွာထဲ မှ ဗီဒီယိုကြည့်ပြီးအပြန် သမီးဖြစ်သူအား အိမ်တွင် မတွေ့ရသဖြင့် ဇနီးဖြစ်သူအား ရွာအတွင်း ရှာဖွေခိုင်းရာ ရွာထဲတွင် မတွေ့ရသဖြင့် ရွာသားများ အကူအညီ ရယူ၍ လိုက်လံရှာဖွေကြရာ ရွာစွန် ဒေါ်-----၏ နေအိမ်အနောက်ဘက် ပေ(၁၀၀)ခန့် အကွာ ဝါးရုံတောများအနီး ပိန္နဲပင်အောက်တွင် အဓမ္မပြုကျင့်ခံရပြီးနောက် ရင်ဝ ၊ ပါးစပ် ၊ လည်ဂုတ်၊ ဝဲဘက် လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ ၊ ဝဲနားရွက်အောက် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို သေဆုံး နေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
 
ကလေးမလေးဟာ ချွန်ထက်တဲ့ လက်နက်နဲ့ ပါးစပ်ကနေပြီးတော့ ထိုးသွင်းခံရပြီး လည်ဂုတ်အထိ ပေါက်ထွက်နေတာ တွေ့ရပါတယ်။ နောက်ပြီး ရင်ဝ လည်ပင်းတွေမှာလဲ ထိုးသွင်း ဒဏ်ရာ အချက်ပေါင်း များစွာ တွေ့ရပါတယ်ဟု မျက်မြင်တွေခဲ့ရသော နာရေးကူညီသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ 
 
 
အခင်းဖြစ်ပွားမှုနှင့် ဆက်စပ်သော တရားခံများအား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ စုံစမ်း ဖေါ်ထုတ်ခဲ့ရာ တရွာတည်းနေ အိမ်နီးချင်းများ ဖြစ်သည့် ဇင်မင်းထွေး ၊ သာကြီး ၊ ဦးဘီအီး (၃)ဦး မှ အုပ်စုလိုက် လူမဆန်စွာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး တစ်ရွာတည်းနေ မဝင်းဝင်းထွေး ဆိုသူ အမျိုးသမီး တစ်ဦး အကူအညီဖြင့် ပူးပေါင်း ကြံစည်သတ်ဖြတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
 
 
ထို့ကြောင့် တရားခံများဖြစ်သည့် ဇင်မင်းထွေး ၊ သာကြီး ၊ မဝင်းဝင်းထွေး၊ ဦးဘီအီး တို့ အား ကော့သောင်း ရဲတပ်ဖွဲ့စခန်းမှ မမစ(ကသမ) (ပ) ၁၄၉၁/၂၀၁၆ ၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။
 
Credit:တနင်္သာရီတိုင်းသတင်းမီဒီယာ
 


Follow us on