1. Home
  2. Football

သပိတ်မှောက်ပြီး ပြိုင်ပွဲမှထွက်လျှင် အရေးယူခံရမည်ဟု မလေးရှားအသင်းကို အာရှဘောလုံးအဖွဲ့ချုပ် သတိပေး

Football พ.ย. 25, 2559 view 1,601
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဘင်္ဂါလီအရေးကိစ္စများအတွက် မြန်မာအစိုးရအား ဆန္ဒပြသည့် အနေနှင့် မြန်မာလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ဆူဇူကီးဖလား အုပ်စုနောက်ဆုံးပွဲစဉ်ကို မကစားပါက နောင်လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို နှစ်ကြိမ်တိုင်တိုင် ပိတ်သွားမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က သတိပေးထားကြောင်း သိရှိရသည်။
 
ဘင်္ဂါလီအရေးကိစ္စများကြောင့် မြန်မာအစိုးရ၏ လုပ်ဆောင်ချက်ကို သပိတ်မှောက်သည့်အနေနှင့် ဆူဇူကီးဖလားယှဉ်ပြိုင်မှုကို ရပ်ဆိုင်းရန် မလေးရှားအားကစားဝန်ကြီးနှင့် မလေးလူငယ်အချို့၏ ပြောစကားများကို နိုဝင်ဘာလ ၂၃ ရက်နေ့က မလေးရှားမီဒီယာများပေါ်တွင် ဖော်ပြခဲ့ပြီးနောက် ယခုလို သတိပေးခံရခြင်းဖြစ်သည်။
 
 
မလေးရှားအသင်းနည်းပြ အွန်ကင်ဆွီး
 
မလေးရှားအသင်းအနေနဲ့ ဆက်လက်ယှဉ်ပြိုင်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့ (ယနေ့)တွင် အစိုးရအဖွဲ့မှ ဆုံးဖြတ်မှာဖြစ်ပြီး ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုပါက မြန်မာအသင်းကို ၃-၀ ဂိုးနှင့် အရှုံးပေးရမည်ဖြစ်သည်။
မလေးရှားအသင်း၏ နည်းပြနှင့် အုပ်ချုပ်သူမန်နေဂျာက ဆူဇူကီးဖလားကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့တွင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်အတွက် ဂရုစိုက်ပြင်ဆင်နေကြောင်း ပြောဆိုခဲ့သည်။
 
Ref:&DayDaily
 


Follow us on