1. Home
  2. Special or Others

လက်နှစ်ဖက်လုံးမရှိသူ လုံခြုံရေးလက်ဗွေ မပေးနိုင်လို့ ဘဏ်မှချေးငွေပယ်ချခဲ့

Special or Others พ.ย. 25, 2559 view 1,700
တရုပ်နိုင်ငံတွင် လက်နှစ်ဖက်စလုံး လက်မောင်းရင်းမှ ပြတ်နေသူ အသက် ၂၅ နှစ်အရွယ် “ဝူကျင်ပင်း” ဆိုသူသည် ဘဏ်တစ်ခု၌ ချေးငွေလျှောက်ထားခဲ့ရာ လုံခြုံရေးစနစ် လက်ဗွေရာ(Finger Print) နှိပ်ရန် လိုအပ်သည် ဆိုသောအချက်ကြောင့် လျှောက်လွှာ ပယ်ချခြင်းခံခဲ့ရသည်။
 
 
အဆိုပါ အဖြစ်အပျက်အပေါ် လူအများက မျှတမှုမရှိဟု ဝေဖန်လျှက်ရှိနေပြီး “ဝူကျင်ပင်း” ကဲ့သို့ အလားတူ ဘဝမျိုးလူများအတွက် ဘဏ်များက အစီအစဉ်များထည့်သွင်း ချမှတ်ရန် ပြောဆိုလျှက်ရှိကြသည်။ အစိုးရအနေနှင့် အလားတူပုဂ္ဂိုလ်များအတွက် အစီစဉ်အသစ်များ ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုခဲ့သည်။
 
ကံကောင်းထောက်မစွာဖြင့် “ဝူကျင်ပင်း” အား အခြားဘဏ်တစ်ခုမှ ငွေချေယူနိုင်ရန် စီစဉ်ပေးခဲ့သည်။ “ဝူကျင်ပင်း” အသက် ၅ နှစ်အရွယ်က ဓါတ်လိုက်ခံခဲ့ရသည့်အတွက် လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပြီး စာရေးရန် သူ၏ ပါးစပ်ကိုသာ အသုံးပြုခဲ့ရသည်။
 


Follow us on