1. Home
  2. Special or Others

လက်ညိုးနဲ့လက်ခလယ် ယှက်ပြခြင်းရဲ့ အဓိပ္ပါယ်ဆိုတာ…

Special or Others พ.ย. 25, 2559 view 2,001
လက်ညိုးနဲ့လက်ခလယ် ယှက်ထားတဲ့ အမူအယာမျိုးကို လူအချို့ လုပ်ကြတာ တွေ့ရတတ်ပါတယ်။ အဲဒီလို အမူအယာမျိုးက လုပ်တဲ့ပုံစံပေါ်မှုတည်ပြီး အဓိပ္ပါယ်လေးတွေ ကွဲပြားသွားတတ်ပါတယ်။ 
လူမြင်အောင် လက်ချောင်းလေးနှစ်ချောင်း ယှက်ပြတာက ခရစ်ယာန်ဘာသာဝင်တွေအတွက် ကံကောင်းစေဖို့ ဆုတောင်းတယ်လို့ အဓိပ္ပါယ်ရပါတယ်။ 
လက်ကို နောက်ကျောဖက်မှာ ဝှက်ထားပြီး လက်ချောင်းလေး နှစ်ချောင်း ယှက်ထားမယ်ဆိုရင်တော့ အခုပြောနေတဲ့ စကားတွေက လိမ်တာလို့ ကိုယ့်လိပ်ပြာကိုယ်လုံအောင် ပြုမူကြတာမျိုးဖြစ်ပါတယ်။
 
 
လက်ချောင်းချင်းယှက်ပြတဲ့ သင်္ကေတရဲ့ အစကတော့ ရောမခေတ် ခရစ်ယာန်ဘာသာဝင်တွေကို နှိပ်ကွပ်ခဲ့စဉ်ကာလတုန်းက သူတို့ဘာသာဝင်အချင်းချင်း တွေ့တဲ့အခါ သူတို့ရဲ့ ယုံကြည်ချက်ကို မစွန့်ဘူးဆိုတဲ့ သဘောနဲ့ အချင်းချင်း လျှို့ဝှက်စွာ အချက်ပြတဲ့ သင်္ကေတတစ်ခု ဖြစ်ခဲ့ပါတယ်။
အစောပိုင်းမှာတော့ တစ်ဦးကိုတစ်ဦး ယုံကြည်ခြင်း၊ သစ္စာရှိခြင်းတို့ကို ဖော်ပြတဲ့အနေနဲ့ လူနှစ်ဦးရဲ့ လက်ချောင်းချင်း တစ်ယောက်ကို တစ်ယောက် ယှက်ရတာဖြစ်လို့ နှစ်ဦးဆုံမှ လုပ်လို့ရတဲ့ သင်္ကေတသာ ဖြစ်ခဲ့ပါတယ်။
 
 
ယခုခေတ်သစ်မှာတော့ ကိုယ့်ရဲ့လက်ချောင်း အချင်းချင်းကို ယှက်ထားတဲ့ သင်္ကေတက တစ်ခုခုအတွက် ကံကောင်းစေဖို့ ဆုတောင်းတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ လက်ချောင်းခြင်း ယှက်တဲ့ သင်္ကေတရဲ့ အခြားအဓိပ္ပါယ်တွေ ကွဲပြားသော်လည်း မူရင်းအဓိပ္ပါယ်ကတော့ ကံကောင်းစေဖို့ဖြစ်ပါတယ်။
 
 
တစ်ခါတစ်ရံမှာ မတတ်သာလို့ ပြောလိုက်ရတဲ့ စကားတွေ၊ ပေးလိုက်ရတဲ့ ကတိတွေဟာ အတည်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ လက်တစ်ဖက်ကို နောက်မှာဖွက်ပြီး လက်ချောင်းခြင်း လိမ်ထားပြီး ပြောတတ်ကြတာကို ရုပ်ရှင်တွေထဲမှာ မကြာခဏမြင်ဖူးကြပါလိမ့်မယ်။
သင်ရော လက်ချောင်းလေးအချင်းချင်း တစ်ခါတစ်ရံ ယှက်ထားဖူးပါသလား…။
 


Follow us on