1. Home
  2. Myanmar News

ကုန်သေတ္တာတင်ယာဉ်များ ညအချိန်သာ မောင်းနှင်ရမည့်အစီအစဉ် ဒီဇင်ဘာ ၁ရက် စတင်ရန်အတည်ပြု

Myanmar News พ.ย. 25, 2559 view 1,485

ကုန်သေတ္တာတင်ယာဉ်များ ညအချိန်တွင်သာ ဖြတ်သန်းမောင်းနှင်စေမည့် အစီအစဉ်ကို ဒီဇင်ဘာ ၁ရက်တွင် စတင်ရန် ရန်ကုန်တိုင်းဒေသကြီးအစီုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း သတင်းရရှိပါတယ်။ရန်ကုန်မြို့အတွင်း ထိုကုန်သေတ္တာတင်ယာဉ်များ ညဘက်သတ်မှတ်အချိန်အတွင်းသာ မောင်းနှင်စေခြင်းကို မူလကနိုဝင်ဘာလ ၁ ရက်တွင် စတင်ရန်စီစဉ်ခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးမှုများ မပြတ်သေးခြင်းကြောင့်ဟုဆိုကာ အချိန်ထပ်ခဲ့ပြီးနောက် ယခုအတည်ပြု ဆုံးဖြတ်လိုက်ခြင်းပါတယ်။

ရန်ကုန်မြို့တွင်း ကုန်သေတ္တာတင်ယာဉ်များ ဖြတ်သန်းမောင်းနှင်ရမည့် အချိန်ကို ည ၉နာရီ မှ နံနက် ၆နာရီအတွင်း သတ်မှတ်လိုက်ပါတယ်။ကုန်သေတ္တာတင်ယာဉ်ပိုင်ရှင်အချို့ကမှု ထိုသို့မောင်းနှင်ရ မည့်အချိန် ကန့်သတ်လိုက်ခြင်းကြောင့် ဆိပ်ကမ်းတွင်းကုန်သေတ္တာထုတ်ယူသယ်ဆောင်ရန်နှင့် ကုန်စည်ပို့ဆောင်စေမှုများတွင် အခက်အခဲများရှိလာနိုင်သည်ဟု မှတ်ချက်ပြုကြပါတယ်။

“လုပ်ကြည့်မှပဲ ဘယ်လောက် အခက်အခဲတွေ ရှိလာမလဲဆိုတာပိုသိရမှာပေါ့၊ညွှန်းကြားလာရင်တော့ ညွှန်ကြားချက်အတိုင်း လုပ်ကြည့်ရဦးမယ်”ဟု ကုန်သေတ္တာယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားပါတယ်။

Ref : 7Day Daliy



Follow us on