1. Home
  2. Special or Others

ဒီဇိုင်းပုံတစ်ခုထဲမှာ ၁၂ နှစ်လုံးလုံး ပုန်းကွယ်နေတဲ့ စာဝှက်

Special or Others พ.ย. 25, 2559 view 1,831
တစ်ချို့က မတော်တဆလို့ ထင်နေကြသလို တစ်ချို့ကလည်း တစ်မင်သက်သက် ထည့်ရေးထားခဲ့တယ်လို့ ယူဆကြတဲ့ စာသားတစ်ခုဟာ ၁၂ နှစ်လုံးလုံး ဘယ်သူမှ မရိပ်မိပဲ စာအုပ်အဖုံးဒီဇိုင်း တစ်ခုထဲမှာ ရှိနေခဲ့ပါတယ်။
 
အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့က အထက်တန်းကျောင်းဆင်းပွဲ အစီအစဉ်စာအုပ်ရဲ့ မျက်နှာဖုံး ပုံဒီဇိုင်းကို ကျောင်းသားတွေကိုယ်တိုင် ရေးဆွဲခဲ့ပြီး အဆိုပါ ပုံထဲမှာ စာဝှက်တစ်ခုကို ထည့်ထားခဲ့ခြင်းဖြစ်ပါတယ်။ 
၂၀၀၄ ခုနှစ်ကနေ စပြီး ၁၂ နှစ်တိုင်တိုင် အဆိုပါစာဝှက်ကို မည်သူတစ်ဦးတစ်ယောက်မျှ သတိထားမိခဲ့ခြင်းမရှိပါဘူး။
အတော်ကြီးအမြင်စူးရှမှသာ တွေ့နိုင်မယ့် စာဝှက်လေးပါ၊ သင်ကိုယ်တိုင် ရှာဖွေကြည့်ပါဦး။
 
 
ရှာလို့မတွေ့ခဲ့ရင်… ဒီဇိုင်းပုံရဲ့ ညာဘက်အောက်နားက ရေလှိုင်းတွေထဲမှာ “F****” ဆိုတဲ့ စာသားကို အပြောင်အပျက်သဘောနဲ့ ထည့်သွင်းရေးဆွဲခဲ့တာကို မြင်တွေ့နိုင်ပါတယ်။
 
 
အကယ်၍ ရှာလို့တွေ့ခဲ့မယ်ဆိုရင်တော့ သင်ဟာ အမြင်အာရုံ အလွန့်အလွန်ကောင်းတဲ့ သူတစ်ဦးဖြစ်တယ်လို့ ချီးကျူးပါရစေ..။


Follow us on