1. Home
  2. Special or Others

တိုကျိုမြို့ နှစ်ပေါင်း ၅၃ နှစ်အတွင်း နိုဝင်ဘာတွင် ပထမဆုံးအကြိမ် ဆီးနှင်းကျဆင်း

Special or Others พ.ย. 25, 2559 view 1,562

ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုတွင် နိုဝင်ဘာ ၂၄ ရက်က ၅၄နှစ်အတွင်း နိုဝင်ဘာလ၌ ပထမဆုံးအကြိမ် နှင်းကျဆင်းခဲ့ပါတယ်။နှင်းများထက် ငလျင်များနှင့်အသားကျနေခဲ့သော ဒေသခံများသည် ထူထဲသော ကုတ်အင်္ကျီများ၊ ဘွတ်ဖိနပ်များနှင့် ဖြေးညင်းစွာ သွားလာနေကြပြီး အမြန်ရထားများလည်း အရှိန်လျှော့မောင်းနှင်လျက်ရှိပါတယ်။တိုကျိုမြို့တွင် နောက်ဆုံးအချိန်က နိုဝင်ဘာလ၌ နှင်းကျခြင်းမှာ အမေရိကန်နိုင်ငံတွင် ဂျွန်အက်ဖ်ကနေဒီ သမ္မတရာထူးတာဝန်ယူနေစဉ်ကဖြစ်ပါတယ်။

တိုကျိုမြို့ ဧရိယာတွင် အပူချိန် သုညဒီဂရီဆဲလ်စီးယတ်စ်ခန့်အထိ အအေးဓာတ်များ ဖုံးလွှမ်းခဲ့သောကြောင့် နှင်းများ ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။နိုဝင်ဘာ ၂၀ ရက်က ၂၀ ဒီဂရီဆဲလ်စီးယတ်စ်ဖြစ်ကာ နိုဝင်ဘာ ၂၀ ရက်က ၂၀ ဒီဂရီဆဲလ်စီးယတ်စ်အထိ တက်လာခဲ့ပါတယ်။

“ကျွန်တော် တော်တော် အံ့အားသင့်သွားတယ်။နှင်းကျတဲ့ အချိန်က အရမ်းစောလွန်းနေတယ်”ဟု ညဘက်အလုပ်ဆင်းပြီးနောက် ပြန်လာသော မာဆာယူမာချီဒါကပြောပါတယ်။တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်သာ နှင်းကျသော တိုကျိုမြို့သည် ဇန်နဝါရီ(သို့မဟုတ်)ဖေဖော်ဝါရီလ တွင်သာကျဆင်းလေ့ရှိပြီး နှင်းများအချိန်ကြာကြာ စုပုံနေလေ့မရှိပါ။

Soure : 7Day Daliy



Follow us on