
ဟောလီဝုဒ် အကျော်အမော် မင်းသမီး Jolie ဟာ ဗီယက်နမ်ကလေးတစ်ယောက်ကို 2007 ခုနစ်လောက်က မိဘမဲ့ ကလေးဂေဟာ ကနေ လာရောက်ခေါ်ယူ မွေးစားခဲ့ပါ တယ်။ Jolie ဟာ pax ကို လာရောက်ခေါ်ယူ မွေးစား စဉ်က မိဘမဲ့ ကျောင်းကို နောက်တခါ ပြန်လာခဲ့ပါ့ မယ်လို့ ပြောခဲ့ပါတယ်။ သို့ပေမယ့် Jolie ဟာ နောက်တခါပြန်လာ ခဲ့ခြင်း မရှိခဲ့ ပါဘူး ။

ယခု ဆိုရင် ထို မိဘမဲ့ ကျောင်းလေးဟာ ငွေကြေး ကျပ်တည်းပြီး ပျက်စီး ယိုယွင်းနေကာ Jolie ဟာလဲ လုံးဝ ပြန်ပေါ်မလာခဲ့ပါဘူးလို့ ဂေဟာက တာဝန်ရှိ ၀န်ထမ်းတစ်ဦးကပြောထားပါတယ် ။ အစိုးရ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားတဲ့ ထို ဂေဟာလေးဟာ မိဘမဲ့ ကလေးတွေကို ကျွေးမွေးဖို့ နေရေးထိုင်ရေး ပို ဆင်ပြေစေဖို့ ငွေပိုလိုအပ်နေပါတယ်လို့ လဲ ပြောထားခဲ့ပါတယ် ။
Jolie စီကနေလဲ ကလေးလာယူသွားကတည်းက အလှူငွေလုံးဝ ထပ်မံ မရရှိခဲ့ပါဘူး ။ ဗီယက်နမ် လူမျိုး paxအပါအ၀င် ကလေးခြောက်ယောက်မိခင် ဖြစ်တဲ့ Jolie ဟာ ယခု ဆိုရင် ခင်ပွန်းဟောင်း Brad Pitt နဲ့ ကလေးအုပ်ထိန်းခွင့်ရဖို့ အတွက် တရားရင်ဆိုင်လျှက်လဲ ရှိပါတယ်။

Credit:modern journal
comment