
နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အမေရိကန် ဂီတထူးချွန်ဆုပေးပွဲ AMA မှာ သီးချင်းအသစ် Bagy Bang ကို သီဆိုဖျော်ဖြေရင်း Billie Joe Armstrong က တေးစာသား ကို ဖျက်ပြီး Trump အလိုမရှိ ၊ KKK ဂိုဏ်းအလိုမရှိ ၊ အမေရိကမှာ ဖက်ဆစ်တွေ အလိုမရှိ လို့ ထပ်တလဲလဲ ရွတ်ဆိုသွား ပါတယ်။
ရွေးကောက်ပွဲ မတိုင်မှီ နိုဝင်ဘာ 7 ရက်နေ့က ကျင်းပခဲ့တဲ့ MTV ဥရောပ ဂီတဆုပေးပွဲမှာလဲ နောက်နေ့ ရွေးကောက်ပွဲမှာ သမ္မတ အသစ်အဖြစ် ရွေးကောက်ခံရမယ့် Donald Trump ကို ၄င်းတို့ ရဲ့ နာမည်ကျော် သီချင်းဖြစ်တဲ့ American Idiot မှာ စာသားပြင်ပြီးရှုတ်ချခဲ့ ကြပါသေးတယ် ။
Green day ဟာ လိင်ပြောင်းသူ ၊ လိင်တူလိင်ကွဲဆက်ဆံတူ ၊ ဒွိလိင် ဆက်ဆံသူတွေ ၊ ပြည်ပမှာ အခြေချသူတွေကို မဲဆွယ်စဉ်က ထရမ့်မိန်းခွန်းပြောတိုင်းတိုက်ခိုက်မှုတွေ အပေါ် တိုက်ရိုက် တုံ့ပြန် လိုက်ပုံပါပဲ ။

comment