မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ဘူတာကြီးအနီးရှိ သံလမ်းဘေး ကျူးကျော်တဲတွင်နေထိုင်သူ တစ်ဦးက ဘေးချင်းကပ်လျှက် ကျူးကျော်တဲရှိ ကလေးမောင်နှမနှစ်ဦးကို မဖွယ်မရာ အဓ္ဓမပြုနေစဉ် ပတ်ဝန်းကျင်ရှိလူများက တွေ့ရှိကာ ဖမ်းဆီးခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ကဉ္စနမဟီရပ်ကွက်၊ ဘူတာဝင်းအတွင်း ကျူးကျော်တဲတွင် နေထိုင်သော လှထွေး(ခေါ်)ကျင်ဝှက် အသက် (၄၀)နှစ်သည် တဲခြင်းကပ်လျှက်နေထိုင်သော မောင်ဆန်းအောင် အသက် (၇)နှစ်နှင့် မလင်းလင်းမြိုင် အသက် (၄)နှစ်အရွယ် မောင်နှမ နှစ်ဦးကို မိဘများမရှိခိုက် မဖွယ်မရာပြုလုပ်နေစဉ် ပတ်ဝန်းကျင်မှလူများ တွေ့ရှိခဲ့သဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ဘူတာရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ကာ (ပ)၂၃/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၇၆/၃၇၇ ပုဒ်မများတပ်ပြီး အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
ပတ်ဝန်းကျင်မှလူများ ဖမ်းဆီးမှု လက်ဦးသွားသည့်အတွက် အ ဓ္ဓမကျင့်မှု အထမမြောက်သည်ဟု ယူဆရသော်လည်း သေချာမှုရှိစေရန် ဆေးရုံးကြီးတွင် ဆေးစစ်ချက်များပြုလုပ်၍ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကဉ္စနမဟီရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်လွင်ချစ်က ပြောကြားခဲ့သည်။
မျက်မြင်သက်သေတစ်ဦးက ကလေးများအား မဖွယ်မရာပြုလုပ်နေသည်ကို မသင်္ကာသဖြင့် ကနဦးက ဗီဒီယိုရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး သေချာသည့်အခါ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုတွင် မဖွယ်မရာမြင်ကွင်းများ ပါဝင်ပါသဖြင့် ကြည့်ရှုသူများ သတိပြုပါ။
Ref:မဇ္ဇျိမ
Video: Ever Smile