1. Home
  2. Myanmar News

ဒကာမကို နေအိမ်တွင် အဓ္ဓမပြုကျင့်ခဲ့သော ဝါတော်ရင့် ဦးပဉ္စင်းတစ်ပါးကို မုဒိမ်းမှုဖြင့်ဖမ်းဆီး

Myanmar News พ.ย. 28, 2559 view 1,578
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း နေအိမ်တွင် မိဘများ မရှိခိုက် ရင်းနှီးသော ဦးပဉ္စင်းတစ်ပါးက အသက် (၁၈)နှစ်အရွယ် ဒကာမလေးအား အိမ်ပေါ်တက်ကာ အဓ္ဓမသားမယားပြုကျင့်မှုတစ်ခု နိုဝင်ဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်ပါ အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အင်ကြင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် (၃၆)နှစ် ဝါတော်(၁၇)ဝါရ ဦးပဉ္စင်း သုဘောဂ၊ လူအမည် မောင်နိုင် ဆိုသူသည် မိန်းကလေး၏ နေအိမ်သို့ရောက်ရှိလားပြီး အိမ်တွင် မိဘများတောင်ယာသွားသည်ကို သိရှိခဲ့ပြီး မိန်းကလေးအား နေအိမ်အခန်းအတွင်းသို့ အတင်းဆွဲခေါ်ကာ ပတ်ဝန်းကျင်ကို အကူညီမတောင်းနိုင်အောင် ပြုလုပ်၍ သားမယားအဖြစ် အဓ္ဓမပြုကျင့်ခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ညီမဖြစ်သူ ကျောင်းမှပြန်ရောက်လာချိန်မှ ပြန်လည်ထွက်သွားခဲ့သည်ဟု သိရှိရသည်။
 
 
အဓ္ဓမမှုကျူးလွန်ခဲ့သူ ဦးပဉ္စင်းကို မြို့နယ်သံဃာ့မဟာနာယကမှ လူဝတ်လဲစေခဲ့ပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထီးချိုင့်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
 
Ref:7DayDaily


Follow us on