1. Home
  2. Myanmar News

၂၀၁၇ မူဝါဒတွင် ကားစက်ရုံပေါ်ပေါက်လာရေးနှင့် ကားအသစ်တင်သွင်းမှုကိုသာ ဦးစားပေးမည်

Myanmar News พ.ย. 28, 2559 view 1,538
၂၀၁၇ ခုနှစ်တွင် စတင်ကျင့်သုံးမည့် မူဝါဒအသစ်၌ ရန်ကုန်မြို့တွင် ကားအသစ်တင်သွင်းရေးနှင့် ကားထုတ်လုပ်သော စက်ရုံများ ပေါ်ပေါက်လာစေရေးကိုသာ ဦးစားပေးဆောင်ရွက်မည်ဟု နိုဝင်ဘာ လကုန်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သော ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
 
သို့ဖြစ်ပါသဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အများပြည်သူသွားလာမှု အဆင်ပြေစေရေးကိုသာ ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး ပုဂ္ဂလက မော်တော်ယာဉ်တင်သွင်းမှုနှင့် ပက်သက်၍ စီစစ်ကြပ်မတ်မည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
 
ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသော ယာဉ်များမှာ ၃၀% ခန့်သာရှိပြီး ပုဂ္ဂလိကယာဉ်အသုံးပြုမှုမှာ ၇၀% ခန့်ရှိနေသဖြင့် ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုဖြစ်နေပြီး ကားစက်ရုံများကို ဖော်ဆောင်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိနိုင်သကဲ့သို့ ပြည်သူများလည်း ကားအသစ်များကို အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
 
လက်ရှိတွင် ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုကို ပိတ်ထားပြီး မူဝါဒသစ်၌ ရန်ကုန်လိုင်စင် ပြန်လည်ဖွင့်ပေးရန် ကားတင်သွင်းသူများက မျှော်လင့်လျှက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် စတင်ကျင့်သုံးမည့် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒသစ်ကို ယခုလနောက်ဆုံးပတ်တွင် ထုတ်ပြန်မည်ဖြစ်သည်။ 
 
Ref:7DayDaily
 


Follow us on