နိုဝင်ဘာလ ၂၈ ရက်နေ့နံနက် ၉ နာရီ အချိန်ခန့်တွင် မြောက်ဥက္ကလာပဆေးရုံးဝင်းအတွင်းရှိ အုတ်ရေကန်တွင် သမီးဖြစ်သူ ကလေးမီးဖွားတာကို လာရောက် စောင့်ရှောက်သည့် မိခင်ဖြစ်သူ လူနာစောင့်အမျိုးသမီးကြီးတစ်ဦး ကလေးအနှီးများ ထိုင်လျှော်နေစဉ် အုတ်ရေကန်ကွဲကာ ပြိုကျပြီး လူပေါ်ပိခဲ့သည့်အတွက် အမျိုးသမီးကြီးမှာ နေရာတွင်ပင် သေဆုံးသွားပြီး အခြားတစ်ဦးမှာ ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အုတ်ရေကန်မှာ မကြာခင်ကမှ ဆောက်လုပ်ပြီးစီးထားသော ရေကန်အသစ်ဖြစ်ပြီး ဆောက်လုပ်ခဲ့သူများ၏ ချို့ယွင်းချက်ကြောင့် ယခုကဲ့သို့ မဖြစ်သင့်သော အဖြစ်ဆိုးမျိုး ဖြစ်ပျက်ခဲ့ရသည့်အတွက် တာဝန်ရှိသူများအား စစ်ဆေးဖော်ထုတ် အရေးယူပေးရန် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပြောဆိုဝေဖန်မှုများ ရှိနေခဲ့ပါသည်။
Ref:Myint Zaw