1. Home
  2. Special or Others

အရက်ကို နေ့စဉ်ပုံမှန် အနည်းငယ်သောက်သုံးခြင်းဖြင့် လေဖြတ်အန္တရာယ် လျော့ချနိုင်

Special or Others พ.ย. 28, 2559 view 1,614
အင်္ဂလန်နှင့် ဆွီဒင်နိုင်ငံမှ သုတေသနပညာရှင်အဖွဲ့ တစ်ဖွဲ့၏ လေလာချက်များအရ လေဖြတ်ခြင်းကို ဖြစ်စေနိုင်သည့် အန္တရာယ်နှစ်မျိုးရှိပြီး နေ့စဉ်ပုံမှန် အရက်ကို ဆေးဖြစ်ဝါးဖြစ် အနည်းငယ် သောက်သုံးပါက အန္တရာယ်အမျိုးအစား နှစ်ခုထဲမှ တစ်ခုကို ကာကွယ်လျော့ချနိုင်ကြောင်း သိရှိရသည်။
 
တစ်ရက်လျင် အရက် နှစ်ပက် သောက်သူများသည် လေဖြတ်ခြင်း အန္တရာယ်တစ်မျိုးဖြစ်သည့် ဦးနှောက်သို့ သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းကို လျော့ပါးစေနိုင်ကြောင်း တွေ့ရှိရသည်။ သို့သော် အခြားတစ်မျိုးဖြစ်သည့် သွေးထွက်လွန်၍ ဖြစ်စေသော လေဖြတ်ခြင်းအန္တရာယ်ကိုမူ မလျော့ကျစေနိုင်ကြောင်း သိရသည်။ 
အမေရိကန်လေဖြတ်ရောဂါအဖွဲ၏ အဆိုအရ လေဖြတ်ခြင်း၏ ၇၈% သည် ဦးနှောက်သို့ သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းကြောင်းဖြစ်ပြီး ၁၃% မှာ သွေးထွက်လွန်ခြင်းကြောင့်ဖြစ်သည်ဟု သိရှိရသည်။
 
သို့သော် တစ်ရက်လျှင် အရက် လေးပက်နှုန်းထက် ပိုမိုသောက်သုံးပါက လေဖြတ်နိုင်သည့် ပုံစံနှစ်ခုလုံးအတွက် အန္တရာယ်မြင့်မားလာသည်ဟု BMC ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
 
ယခင်လေ့လာချက်များအရ အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ကို အထောက်အကူပြုသည့် ပရိုတိန်းတစ်မျိုးဖြစ်သော ဖီဘရီနိုဂျင် လျော့ကျလာမှုကြောင်း သွေးခဲမှုဖြစ်ပေါ်လာကြောင်း သုတေသနအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဆူဆန်နာလဆင်က ပြောကြားခဲ့သည်။
 
Credit:7DayDaily
 


Follow us on