1. Home
  2. Myanmar News

ဘောလုံးပွဲကြည့်ပြီး ပြန်လာသူနှစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်မှု သင်္ဃန်းကျွန်းတွင်ဖြစ်ပွား

Myanmar News พ.ย. 29, 2559 view 1,519
နိုဝင်ဘာလ ၂၇ ရက် နံနက်စောစောပိုင်းတွင် ဘောလုံးပွဲကြည့်ရှုပြီးနောက် သီချင်းဆိုလျှက်ပြန်လာသော လူငယ်နှစ်ဦးဖြစ်သည့်  သင်္ဃန်းကျွန်းမြို့နယ် စံပြစီမံကိန်း(၂)၊ အပိုင်း(၅)တွင် နေထိုင်သော ဟိန်းမိုးအောင် အသက်(၁၈)နှစ်နှင့် သူငယ်ချင်းဖြစ်သူ သန်းထိုက်တို့ မြဝတီလမ်းမှ နေအိမ်သို့ပြန်လာစဉ် ဦးသိန်းထွန်း အသက်(၄၈)နှစ် အပါအဝင် လူငါးဦးမှ ဆဲဆိုကာ ဓားဖြင့်ခုတ်၊ တုတ်ဖြင့် ဝိုင်းရိုက်ခဲ့ကြကြောင်း သင်္ဃန်းကျွန်းရဲဌါနမှ သိရှိရသည်။
 
ဝိုင်းဝန်းရိုက်နှက်ခံရသဖြင့် ဟိန်းမိုးအောင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်မောင်း၊ ခါးတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး သန်းထိုက်၏ ညာပခုံး၊ တံတောင်နှင့် လက်နှစ်ဖက်တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၌ ကုသမှုခံယူလျှက်ရှိကြောင်း သိရှိရသည်။
 
ပြစ်မှုကျူးလွန်ခဲ့သည့် အမျိုးသားငါးဦးကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၄/၂၉၄/၃၂၃/၁၁၄ တို့ဖွင့် အမှုဖွင့်ထားပြီး ဖမ်းဆီနိုင်အောင် ကြိုးပမ်းလျှက်ရှိကြောင်း သိရှိရသည်။
 
Credit:7DayDaily
 


Follow us on