1. Home
  2. Myanmar News

၅,၀၀၀ ကျပ်တန်ဆိုင်များ မြန်မာလူမျိုးအမည်ခံ၍ လုပ်ငန်းလိုင်စင် ပြုလုပ်ထားကြောင်း တွေ့ရှိဟုဆို

Myanmar News พ.ย. 29, 2559 view 1,536

ကြိုက်တာယူ ၅၀၀၀ ဆိုင်များ စစ်ဆေးမှု ပထမဆုံးစတင်ခြင်းအဖြစ် ပန်းဘဲတန်းမြို့နယ်ရှိ ဆိုင်(၇)ဆိုင်ကို နိုဝင်ဘာ ၂၈ ရက်က စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။အဆိုပါဆိုင်များတွင် မြန်မာလူမျိုးအမည်ခံပြီး လုပ်ငန်းလိုင်စင် ပြုလုပ်ထားမှုများ တွေ့ရှိရကြောင်း ပန်းဘဲတန်းမြို့နယ်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောပါတယ်။ “ဒီဆိုင်တွေက ရန်ကုန်မြို့တော်စည်ပင်မှာ လိုင်စင်ယူထားတာက နိုင်ငံသားအမည်တွေနဲ့ပါ။ပိုင်ရှင်က နိုင်ငံခြား ဟုတ်၊ မဟုတ်ကို ဆက်လက်စစ်ဆေးရမယ်။နိုင်ငံခြားသားတွေဆိုရင် ဈေးရောင်ချခွင့်မရှိဘူး”ဟု ဦးသန်းနိုင်ကပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်း ရှိပြီးသားပါ။ဒီဥပဒေနဲ့ အညီပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။လွှတ်တော် ကိုယ်စားလှယ်ကြီးပြောသလို ဒီလူဟာ တရားမဝင် ဗီဇာမရှိဘဲနေရင် ပြည်သူမှာလည်း တာဝန်ရှိတယ်။ဒီလူကို ကုပ်ဆွဲပြီး ရဲလက်ကိုအပ်ပေးရမယ်”ဟု ရခိုင်တိုင်းသားလူမျိုးရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ဝန်ကြီး၏ အဖြေကို အားရကျေနပ်မူမရှိသော်လည်း လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းပြီးစစ်ဆေးမှုကို စတင်လုပ်ဆောင်နေပြီဟု ဦးသန်းနိုင်ဦးက ဆိုပါတယ်။

Soure : 7day daily



Follow us on