1. Home
  2. Myanmar News

မန္တလေးရှေးဟောင်းယဉ်ကျေးမှုနယ်မြေများတွင် ရိုက်ကူးရေးလုပ်ငန်းများမှ အခွန်ကျပ်ငွေသိန်း ၈၀ကျော်ရရှိ

Myanmar News พ.ย. 29, 2559 view 1,734

၂၀၁၆-၁၇ ဘဏ္ဍာနှစ်၏ နှစ်ဝက်ကျော်အတွင်း မြနန်းစံကျော် ရွှေနန်းတော၊ ရွှေကျောင်း၊ အမရပူရမြို့နယ်ရှိ ဗားကရာ၊ အင်းဝနှင့် ပြဒါးလင်းဂူး ရှေးဟောင်းနယ်မြေများတွင် ရုပ်ရှင်၊ ဗီဒီယို၊ကင်မရာရိုက်ကူးသူများထံမှ အခွန်ကျပ်သိန်း ၈၀ ကျော် ရရှိကြောင်း သတင်းရရှိပါတယ်။ယခုနှစ် ရရှိငွေသည် ယခင်နှစ်ထက် ပိုမိုရရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေးဌာန)ခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားပါတယ်။

“သာမန်ဓာတ်ပုံရိုက်ကူးတာတို့ကတော့ ကောက်ခံခြင်းမရှိပါဘူး။Still ကင်မရာနဲ့ ရိုက်ကူးတာမျိုးဆိုရင် ကောက်ခံပါတယ်။ နန်းတော် ရိုက်ကူးတာကို ပေးဆောင်ပြီးရင် ရွှေကျောင်း၊ အင်းဝ စတဲ့ရှေးဟောင်းဇုန်ထဲမှာပါတဲ့ နယ်မြေတွေမှာ ရိုက်ကူးလို့ရပါတယ်။အဆိုပါနယ်မြေများအတွင်း ရုပ်ရှင်၊ ဗီဒီယို၊ Still ကင်မရာဖြင့် စီးပွားဖြစ် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ပါက ရုံးချုပ်၏ခွင့်ပြုမိန့်ကို ကြိုတင်တောင်းခံရမည်ဖြစ်ကြောင်း သိရပါတယ်။

Ref : 7day daily



Follow us on