
မန္တလေးတိုင်းဒေသကြီးတွင် ခြောက်လအတွင်း ကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ် မကပ်ဘဲ ရောင်းချသည့် စားသောက်ဆိုင် ၁၀၇ဆိုင်နှင့် ဟိုတယ်တစ်ခုကို ဒဏ်ရိုက်အရေးယူခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန(မန္တလေး)မှ သတင်းရရှိပါတယ်။ “အခွန်အမှတ်တံဆိပ်အသုံးပြုမှုနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း အတွင်းက စားသောက်ဆိုင်တွေမှာ လိုက်နာမှုအားနည်းနေပါသေးတယ်။အခွန်ပညာပေးဟောပြောပွဲဆိုရင်လည်း မြို့နယ် အလိုက်ရော တိုင်းအဆင့်ပါပြု လုပ်ပေးနေပေမယ့် အခွန်တံဆိပ်မကပ်လို့ အရေးယူရတဲ့ဆိုင်အရေ အတွက်က လျော့သွားတာမတွေ့ ရသေးပါဘူး”ဟု ပြည်တွင်းအခွန်များဦးစီးဌာန(မန္တလေး)ညွှန်ကြားရေးမှူး ဦးတင်ထွေးကပြောကြားပါတယ်။
အခွန်အမှတ်တံဆိပ်များ ကပ်ပေးရန်ပျက်ကွက်မှုအပေါ် မြို့နယ်အခွန်ဦးဌာနက စစ်ဆေးတွေ့ရှိပါက ပြေစာတန်ဖိုးအပေါ် ကျသင့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ်ပေးဆောင်ရမည့်အပြင် ပထမအကြိမ်ပျက်ကွက်ပါက ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ်အတွက် ကျပ်ငါးသိန်း၊ တတိယအကြိမ်အတွက် ကျပ်ခုနှစ်သိန်း၊ သုံးကြိမ်အထက်ပျက်ကွက်ပါက ကျပ်ဆယ်သိန်းအထိ ဒဏ်ရိုက်လျက်ရှိပါတယ်။ထို့အပြင် လုံလောက်သောအကြောင်းပြချက်မရှိဘဲ ပျက်ကွက်ပါက တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ်မှ ခုနစ်နှစ်အထိ ကျခံရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိပါတယ်။
Ref : 7day daily
ဓာတ်ပုံး သရုပ်ဖော်မှုမျှသာ
comment