ထိုင်းနိုင်ငံနဲ့ လာအိုနယ်စပ်မှာ တည်ရှိတဲ့ Mukdahan ဆိုတဲ့ မြို့လေးမှာ သင်္ချိုင်းဟောင်းတစ်ခုကို အာဏာပိုင်တွေက ဖယ်ရှားတဲ့အခါမှာ အလောင်းတစ်လောင်းဟာ အခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေ ပုပ်သိုးပျက်စီးနေပေမယ့် အပေါ်အရေခွံကတော့ အကောင်းအတိုင်းကျန်နေတာကို တွေ့ခဲ့ရပါတယ်။ ၎င်းအလောင်းကောင်ရဲ့ အရေပြားကို သံသကရိုက်ဘာသာစကားနဲ့ ရေးထိုးထားတဲ့ အောက်လမ်းနည်းနဲ့ စီရင်ထားတဲ့ Tattoo တွေဟာ နေရာအနှံ့မှာ ပါဝင်ခဲ့လို့ တာဝန်ရှိသူတွေက အရေပြားကို ခန္ဓာကိုယ်ကနေ ခွာပြီးယူခဲ့ကြပါတယ်။
အောက်လမ်းနည်းနဲ့ စီရင်ထားတဲ့ Tattoo ပိုင်ရှင်တွေဟာ ၎င်းတို့အရေပြားကို ပစ္စည်းတွေ အာရာဝတ္ထုတွေနဲ့ ထိုးဖောက် ၀င်ရောက်နိုင်ခြင်း မရှိဘူးလို့ ယုံကြည်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဓားပြီး၊ တုတ်ပြီးတယ်လို့ ယူဆတဲ့သဘောမျိုး ဖြစ်ပါတယ်။ အဆိုပါ ဆေးမင်ကြောင် Tattoo တွေဟာ တကယ် စွမ်းမစွမ်း မသေချာပေမယ့် အခု Tattoo ပိုင်ရှင်ရဲ့ အရေပြားကတော့ နှစ်ကာလ ကြာရှည်သည့်တိုင်အောင် မပျက်မစီးရှိနေတာဟာ အံ့သြစရာပါ။ နောက်ထပ် အံ့သြစရာကောင်းတာက သေဆုံးသူဟာ အူအတက်ပေါက် ရောဂါနဲ့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒီအူအတက်ပေါက် ရောဂါကို ခွဲစိတ်ဖို့ ၎င်းရဲ့အရေအပြားဟာ ခွဲစိတ်ဓားတွေ မတိုးခဲ့လို့ သူ့အသက်ကို မကယ်လိုက်နိုင်တာ ဖြစ်ကြောင်း ဒေသခံတွေက အတည်ပြုခဲ့ပါတယ်။ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Goopaitongdaeng Jeemokkho Goopainueng Soonpaed က တာဝန်ရှိသူတစ်ဦးက ” အရေပြားက Tattoo တွေနဲ့ ပြည့်နေတာပဲဗျာ … တကယ်လည်း မပုပ်မသိုး တည်ရှိနေပါသေးတယ် … Tattoo ထဲမှာပါတဲ့ စာသားတွေရဲ့ အဓိပ္ပါယ်ကတော့ သူရဲ့အရေအပြားတွေထဲကို လက်နက်အမျိုးမျိုး မ၀င်ရောက်နိုင်စေဖို့ စီရင်ထားတာပါ … ဒီအစီအရင်ကြောင့် သေဆုံးပေမယ့် အရေခွံက အကောင်းတိုင်းကျန်နေသေးတာလို့ မြင်ပါတယ် “လို့ ပြောခဲ့ပါတယ်။
Credit : shwemom