ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် င/ရဗက်ချိုင်ကျေးရွာတွင် နေထိုင်သော အသက် (၁၂)ခန့်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တစ်ရွာထဲတွင် နေထိုင်သူ (အမည်မသိရှိရသေးသော) အသက် (၅၀)ကျော် သင်္ကန်းဝတ်တစ်ဦးက သာမယားအဖြစ်အဓ္ဓမ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း သိရှိရသည်။
မုဒိမ်းမှုကျူးလွန်သူအား ကျေးရွာပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ရဲစခန်းသို့ပို့ဆောင်ရန် စက်လှေဖြင့် ပေါက်တောမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ ပေါက်တောမြို့ ဆိပ်ကမ်းအရောက်တွင် ပေါက်တောမြို့ခံများက မုဒိမ်းမှုကျူးလွန်သူအား ဝိုင်းဝန်း ရိုက်နှက်သတ်ပုတ်ကြသဖြင့် တာဝန်ရှိ ရဲတပ်ဖွဲများက ဝင်ရောက်ထိမ်းသိန်းကာ တရားခံကို ပြည်သူများနှင့် ထိပ်တိုက်မတွေ့စေရန် သုံးဘီးဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
မုဒိန်းမှုကျူးလွန်ခဲ့သူ အသက်(၅၀)ကျော် အမျိုးသားသည် ရံဖန်ရံခါတွင် ပေါက်တောမြို့ပေါ်တက်ကာ လူဝတ်နှင့်လည်း အလှူခံလေ့ရှိကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
Credit:ဇော်မင်းဦး(facebook)