1. Home
  2. Myanmar News

ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်သို့ ရေသန့်ဘူး၊ အချိုရည်ဘူးနှင့် ပုလင်းများ ယူဆောင်မှုကို တားမြစ်

Myanmar News พ.ย. 30, 2559 view 1,692
ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် M150 အချိုရည်ပုလင်း အသုံးပြု၍ ပေါက်ကွဲမှုများဖြစ်စဉ်ကြောင့် ရွှေတိဂုံစေတီတော်ကြီးနှင့် ဘုရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရေသန့်ဗူး၊ အချိုရည်ဗူးနှင့် ပုလင်းများကို ရင်ပြင်တော်ပေါ်သို့ သယ်ယူခွင့်မပြုတော့ပဲ စေတီတော်၏ အဝင်ဝတွင် စစ်ဆေး၍ သိမ်းယူလျှက်ရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ရုံးမှ သိရှိရပါသည်။
 
လုံခြုံရေးအခြေအနေ ပြန်လည် ငြိမ်သက်သွားသည့်အချိန်မှသာ ပြန်လည် ယူဆောင်ခွင့်ပြမည်ဖြစ်ပြီး လောလောဆယ်မှာတော့ ရွှေတိဂုံစေတီတော်နှင့် အနီးပတ်ဝန်းကျင်တွင်လည်း လုံခြုံရေးကို တို့မြှင့်ထားကြောင်း သတင်းရရှိသည်။
 
Ref:မြစ်မခ


Follow us on