1. Home
  2. Special or Others

အလီဘာဘာသူဌေး ဂျက်မားနဲ့ တူအောင် ယွမ်တစ်သန်း အကုန်ကျခံမျက်နှာပြုပြင်သူ

Special or Others พ.ย. 30, 2559 view 1,683
တရုပ်ပြည် ရှန်ကျန်းမှ စွန့်ဦးလုပ်ငန်းလုပ်ကိုင်သူ လူငယ်တစ်ဦးက သူ့ရဲ့မျက်နှာကို တရုပ်နိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ အလီဘာဘာ သူဌေးဖြစ်သူ ဂျက်မားနှင့် မျက်နှာခြင်း ဆင်တူအောင် တရုပ်ယွမ်ငွေ တစ်သန်း(မြန်မာငွေ သိန်း ၃ထောင်နီးပါး) အကုန်ကျခံကာ ပြုပြင်မှာဖြစ်ပါတယ်။
 
 
အများအားဖြင့် လူတွေဟာ မျက်နှာပြုပြင်ကြပီဆိုရင် ရုပ်ရှင်စတားတွေနဲ့ တူအောင်သာ ပြုပြင်လေ့ရှိကြပြီး အခုလို ဂျက်မားနဲ့တူအောင် ပြုပြင်မယ်ဆိုတာက ထူးဆန်းလို့နေပါတယ်။ သို့ပေမယ့် ဂျက်မားဆိုတာကလည်း ကမ္ဘာကျော် အလီဘာဘာ ကုမ္ပဏီရဲ့ ပိုင်ရှင် သူဌေးတစ်ယောက်ဖြစ်ပါတယ်။
အဆိုပါလူငယ်ဟာ ဂျက်မားက လူငယ်တွေကို ကိုယ်ပိုင်စီးပွားရေးတစ်ခု ဘယ်လို စလုပ်ရတယ်ဆိုတာကို သင်းကြားပေးနေတဲ့ ဟူပန်းတက္ကသိုလ် တက်ရောက်ဖို့ အစီစဉ်လဲရှိနေကြာင်း သိရှိရပါတယ်။
 
 
တရုပ်နိုင်ငံမှာ ဂျက်မားနဲ့ မျက်နှာဆင်တူသူတွေ မကြာခဏတွေရှိရတတ်ပြီး ပြီးခဲ့တဲ့နှစ်က လုံခြုံရေးလုပ်တဲ့ သူတစ်ယောက် ဂျက်မားနဲ့တူလို့ နာမည်ကြီးခဲ့သလို၊ မကြာသေးမီကလည်း ၉ နှစ်သားကလေးတစ်ယောက် ဂျက်မားနဲ့ အလွန်တူတာကြောင့် သတင်းကြီးခဲ့ပြီး အဆိုပါကလေးကို ဂျက်မားက ပညာရေးစရိတ် ထောက်ပံ့မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေတောင်ထွက်ခဲ့ပါသေးတယ်။
 


Follow us on