1. Home
  2. Special or Others

ရင်သားကြီးဆေး ဂျယ်လီထိုးပြီးနောက် ဝမ်းဗိုက်ကြီးဖောင်းကားလာ

Special or Others พ.ย. 30, 2559 view 1,783
“ဝမ်း” လို့ အမည်ရတဲ့ သက်လတ်ပိုင်းအရွယ် တရုပ်ပြည်က အမျိုးသမီးတစ်ဦးဟာ တစ်နေ့တစ်ခြား သူမရဲ့ ရင်သားတွေ သေးကြုံ့လာပြီး ဝမ်းဗိုက်ကတော့ ကြီးကြီးလာတာ တွေ့ရပြီးတဲ့နောက် ဆေးရုံကို စစ်ဆေးဖို့ရောက်သွားခဲ့ပါတယ်။
 
 
သူမဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က  “အမေးဇင်းဂျယ်လ်” လို့ အမည်ရတဲ့ ရင်းသားကြီးဆေး တစ်မျိုးကို သူမရဲ့ ရင်သားထဲ ထိုးသွင်းထားခဲ့သူဖြစ်ပါတယ်။ ဆရာဝန် စမ်းသပ်ချက်အရ အဆိုပါ ဂျယ်လီတုံးဟာ ရင်သားထဲမှနေ အစာအိမ်ထဲကို ရွေ့လျားသွားခဲ့တာကို တွေ့ခဲ့ရပြီး အလျှင်အမြန် ခွဲစိတ်ကာ ဂျယ်လီတုံးကို အမျိုးသမီးရဲ့ အစာအိမ်ထဲကနေ ထုတ်ပေးခဲ့ရပါတယ်။
 
 
 
“အမေးဇင်းဂျယ်လ်” ရင်သားကြီးဆေးဟာ လွန်ခဲ့သော ဆယ်နှစ်ခန့်ထဲက တရုပ်နိုင်ငံမှာ တာမြစ်ထားတဲ့ ရင်သားကြီးဆေးတစ်မျိုးဖြစ်ကြောင်း သိရှိရပါတယ်။
 


Follow us on