1. Home
  2. Special or Others

Facebook News Feed နဲ့ Messenger မှာ Instant Game တွေကစားနိုင်ပြီ

Special or Others พ.ย. 30, 2559 view 1,496

Facebook News Feed နဲ့ Messenger မှာ Instant Game တွေကစားနိုင်ပြီ Facebook User တွေအနေနဲ့ Facebook news feed မှာရော Messenger ပေါ်မှာပါ Instant Game တွေကို ဆော့ကစားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ Facebook ကို Mobile မှာရော Web မှာ ပါ အသုံးပြုသူတွေအနေနဲ့ ဘာ App မှ ထပ်မံ install လုပ်စရာမလိုဘဲ Instant Game တွေကို ဆော့ကစားနိုင်မှာဖြစ်ပြီး ဂိမ်းအတွေ့အကြုံတွေကို အချင်းချင်း မျှဝေနိုင်မှာဖြစ်ပါတယ်။ ငယ်ငယ်က နှစ်ခြိုက်စွာ ဆော့ကစားဖူးခဲ့ကြတဲ့ PAC-MAN အပါအဝင် Galaga, SPACE INVADERS, EverWing အစရှိတဲ့ Instant Game တွေကိုဆော့ကစားပြီး အားလပ်ချိန်တွေမှာ အကောင်းဆုံး အပြင်းပြေစေ နိုင်ပြီဖြစ်ပါတယ်။ 

ဆော့ကစားဖို့အတွက်က Facebook နဲ့ Messenger နောက်ဆုံး Version ကို ထည့်သွင်းထားဖို့လိုအပ်ပြီး Messenger ကိုဖွင့်ကာ game controller icon ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ သင်ကစားလို့ရတဲ့ အမှတ်က သင်ဖွင့်ထားတဲ့ conversation မှာ သွားပေါ်မှာဖြစ်ပြီး သင့် friend က သင့်ကို ပြန်လည်စိန်ခေါ် လို့ရမှာ ဖြစ်ပါတယ်။ တစ်ယောက်တည်း သီးသန့်ကစားချင်ရင်တော့ Facebook News Feed မှာ ကစားလို့ရမှာ ဖြစ်တယ်လို့သိရပါတယ်။

Credit ; digitaltimes



Follow us on