1. Home
  2. Movie Stars - Celebrity

ဆေးအသုံးလွန်ပြီးဆေးရုံ ရောက်သွားတဲ့ Kanye West

Movie Stars - Celebrity พ.ย. 30, 2559 view 1,502

Kanye West နဲ့ပတ်သတ်ပြီး လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေကတော့ ဆေးအလွန်အကျွန်သုံးစွဲပြီး ဆေးရုံ ရောက်သွားခဲ့ တယ် ၊ Saint Pablo ဖျော်ဖြေရေးခရီးစဉ်အတွင်း ပင်ပန်းမှုတွေများလွန်းတာကြောင့် စိတ်ရောလူပါနာမကျန်းဖြစ်လို့ လက်ကျန်ရှိုးပွဲတွေဖျက်ပြီး ဆေးရုံတင်ခဲ့ရတယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ ပတ်သတ်ပြီး အတည် ပြုထားခြင်း မရှိပေမယ့် ရဲတွေကတော့ မူးယစ်ဆေး အမှန်တကယ် သုံး မသုံး ကို စစိဆေးနေတယ်လို့ သိရပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲ အကြို ကာလ တုန်းက Kanye West ဟာ Donald Trump ကိုထောက်ခံတယ်လို့ ပြောခဲ့တဲ့ အတွက် Hip Hop ဂီတအသိုင်းအ၀ိုင်း ရဲ့ ဝေဖန်ရှုတ်ချခြင်းကို ခံနေရသူလဲ ဖြစ်ပါတယ်။

Kanye West ဆေးရုံ တက်ရတာ နဲ့ပတ်သတ်ပြီး Lady Gaga ကတော့ အားပေးစကားပြော ထားပါတယ်။ " လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာဖျားနာမှု ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လှောင်ပြောင်ဖို့တော့မဟုတ်ပါဘူး။ ဂရုစိုက်အလေးထားမယ့်အချိန်ပါ။ ချစ်ခြင်းနဲ့ ကြင်နာခြင်း ထားရှိကြပါစို့။ ကာညေးဝက်စ်... မောင်လေးရေ မင်းကိုငါ ချစ်ခင်အားပေးပါတယ်။ ဖျော်ဖြေရေးခရီးစဉ်မှာ မင်းရဲ့သတ္တိနဲ့ ရဲရင့်မှုကိုတွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ မင်းက တကယ်ကိုကြီးကျယ်တဲ့ အနုပညာရှင်တစ်ဦးပါ" ဆိုပြီး တွစ်တာပေါ်မှာ ရေးသား ထားခဲ့ပါတယ်။

Kanye West လက်ကျန်ရှိုး ၂၁ ခုကိုလည်း ဖျက်ခဲ့ရပါတယ်။

Credit:Oasis 



Follow us on