1. Home
  2. Movie Stars - Celebrity

INLOVE Magazine မျက်နှာဖုံးရှင်ဖြစ်လာတဲ့ မေမြတ်နိုး

Movie Stars - Celebrity พ.ย. 30, 2559 view 1,596

နိုင်ငံခြား ထိ အောင်မြင်တဲ့ မော်ဒယ် ဖြစ်ချင်တယ် ဆိုတဲ့ မေမြတ်နိုးရဲ့ ဆန္ဒတွေ တကယ် ဖြစ်လို့ လာပါပြီ ။ မေမြတ်နိုးကတော့ မော်ဒယ်လောကမှာ နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားနိုင်သူ တစ်ယောက် လဲ ဖြစ်လာပါပြီ ။ မြန်မာနိုင်ငံရဲ့ မဂ္ဂဇင်းများ၊ ဂျာနယ်များရဲ့ မျက်နှာဖုံးရှင်သာမက ပြည်ပနိုင်ငံရဲ့ မဂ္ဂဇင်းတစ်ခုအတွက် မျက်နှာဖုံးရှင် ဖြစ်ခဲ့ပါတယ်။

 Maybelline it Girl အနေနဲ့ New York Fashion Week ပွဲသွားတုန်းက U.S နဲ့ Ukraine မှာ ထွက်တဲ့ INLOVE Magazine Cover အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ရာက မျက်နှာဖုံး ရှင်အဖြစ် ရိုက်ကူးဖြစ်ခဲ့ပါတယ် ။ အဲဒီမဂ္ဂဇင်းလေး ထွက်လာပြီ ဖြစ်တဲ့အတွက် သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ထားပြီး ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြည်တွင်း မော်ဒယ်လောကမှာသာမက နိုင်ငံပေါင်းများစွာက မော်ဒယ်တွေ ပါဝင် ယှဉ်ပြိုင် ခဲ့တဲ့ Asisa's Next of Top Model 4 ကို မေမြတ်နိုးက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦး လည်း ဖြစ်ပါတယ်။

Credit:Duwun



Follow us on